ဘယ်ဘက်ရင်အုံကိုဖိပြီး တည်ငြိမ်စွာ ရင်ဆိုင်သွားတော့မည့် ကိုကျော်သက်လင်း

အမွေဖြတ်ခံရပြီး ဇနီးဖြစ်သူက မသက်ဆိုင်တော့ကြောင်း ကြေညာခံရပေမဲ့ ဘယ်ဘက်ရင်အုံကိုဖိပြီး တည်ငြိမ်စွာ ရင်ဆိုင်သွားတော့မည့် ကိုကျော်သက်လင်း

MRTV က ပထမဆုံး CDM ပြုလုပ်တဲ့ ဦးစီးအရာရှိ ဦးကျော်သက်လင်း ၁ ရက်ထဲမှာ အမွေဖြတ်ခံရပြီး ဇနီးဖြစ်သူက မသက်ဆိုင်တော့ကြောင်း ကြေညာခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

တချိန်က ကိုကျော်သက်လင်း

MRTV က ပထမဆုံး CDM ပြုလုပ်တဲ့ ဦးစီးအရာရှိ ဦးကျော်သက်လင်းကို တစ်ရက်ထဲမှာတင် မိဘတွေက အမွေပြတ်စွန့်လွှတ်ကြောင်းနဲ့ အမျိုးသမီးဖြစ်သူက သူမနဲ့မသက်ဆိုင်တော့ကြောင်း ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းကြေညာထားပါတယ်။

ဦးကျော်သက်လင်းရဲ့ မိဘဖြစ်သူတွေဟာ မိဘဆိုဆုံးမမှုကို မနာခံဘဲ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စရပ်တွေလုပ်နေတာကြောင့် သားအဖြစ်ကနေ အမွေပြတ်စွန့်လိုက်ပြီး ဦးကျော်သက်လင်းနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ ဖြေရှင်းပေးတော့မှာ မဟုတ်ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ယခုကိုကျော်သက်လင်း

ဦးကျော်သက်လင်းရဲ့ အမျိုးသမီးဖြစ်သူကလည်း အတူပေါင်းသင်းခဲ့ပြီး သား ၂ ယောက် ထွန်းကားခဲ့ပေမယ့် ဦးကျော်သက်လင်းဟာ ပြီးခဲ့တဲ့ ၉ လလောက်ထဲက နေအိမ်ကနေ ထွက်သွားပြီး အဆက်အသွယ်မလုပ်တော့တာကြောင့် မိသားစုနဲ့ သက်ဆိုင်ခြင်းမရှိတော့ကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ဦးစီးအရာရှိ ဦးကျော်သက်လင်းဟာ SAC အာဏာရယူတဲ့ ဖေဖော်ဝါရီလထဲက CDM ပြုလုပ်ထားတာဖြစ်ပြီး အခုကာလမှာ တောတွင်းတစ်နေရာမှာ တော်လှန်ရေးအတွက် ဆက်လက်ကြိုးပမ်းနေတာဖြစ်ပါတယ်။

မိဘကမွေဖြတ် ဇနီးကကွာရှင်း

ကိုကျော်သက်လင်းကိုယ်တိုင်ကလည်း အောင်မြင်လာတဲ့ တော်လှန်ရေးကို ဘယ်ဖက်ရင်ဘက်အုံဖိရင်းတည်ငြိမ်စွာ ရင်ဆိုင်သွားမည်လို့ သူ့၏ ဖွေဖွတ်ခ်စာမျက်နှာာ ရေးသားထားပါတယ်

SAC တပ်တွေဟာ သူတို့ရှာဖွေ ဖမ်းဆီးသူတွေကို မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီးအကျပ်ကိုင်တာတွေ လုပ်နေတာကြောင့် နိုင်ငံပိုင်သတင်းစာတွေမှာ အမွေပြတ်စွန့်လွှတ်ကြောင်းနဲ့ ကွာရှင်းပြတ်စဲကြောင်း ကြေညာချက်တွေ နေ့စဉ်တွေ့နေရတာဖြစ်ပါတယ်။

Zawgyi

အေမြျဖတ္ခံရ​ၿပီး ဇနီးျဖစ္သူက မသက္ဆိုင္ေတာ့ေၾကာင္း ေၾကညာခံရေပမဲ့ ဘယ္ဘက္ရင္အုံကိုဖိၿပီး တည္ၿငိမ္စြာ ရင္ဆိုင္သြားေတာ့မည့္ ကိုေက်ာ္သက္လင္း

MRTV က ပထမဆုံး CDM ျပဳလုပ္တဲ့ ဦးစီးအရာရွိ ဦးေက်ာ္သက္လင္း ၁ ရက္ထဲမွာ အေမြျဖတ္ခံရ​ၿပီး ဇနီးျဖစ္သူက မသက္ဆိုင္ေတာ့ေၾကာင္း ေၾကညာခံရ

ရန္ကုန္၊ ႏို၀င္ဘာ ၂၁

တခ်ိန္က ကိုေက်ာ္သက္လင္း

MRTV က ပထမဆုံး CDM ျပဳလုပ္တဲ့ ဦးစီးအရာရွိ ဦးေက်ာ္သက္လင္းကို တစ္ရက္ထဲမွာတင္ မိဘေတြက အေမြျပတ္စြန္႔လႊတ္ေၾကာင္းနဲ႔ အမ်ိဳးသမီးျဖစ္သူက သူမနဲ႔မသက္ဆိုင္ေတာ့ေၾကာင္း ဒီကေန႔ ႏို၀င္ဘာ ၂၁ ရက္ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမွာ ထည့္သြင္းေၾကညာထားပါတယ္။

ဦး​ေက်ာ္သက္လင္းရဲ႕ မိဘျဖစ္သူေတြဟာ မိဘဆိုဆုံးမမႈကို မနာခံဘဲ ခြင့္မလႊတ္ႏိုင္တဲ့ ကိစၥရပ္ေတြလုပ္ေနတာေၾကာင့္ သားအျဖစ္ကေန အေမြျပတ္စြန္႔လိုက္ၿပီး ဦးေက်ာ္သက္လင္းနဲ႔ ပတ္သတ္တဲ့ ကိစၥေတြ ေျဖရွင္းေပးေတာ့မွာ မဟုတ္ေၾကာင္း ေၾကညာထားတာျဖစ္ပါတယ္။

ယခုကိုေက်ာ္သက္လင္း

ဦးေက်ာ္သက္လင္းရဲ႕ အမ်ိဳးသမီးျဖစ္သူကလည္း အတူေပါင္းသင္းခဲ့ၿပီး သား ၂ ေယာက္ ထြန္းကားခဲ့ေပမယ့္ ဦးေက်ာ္သက္လင္းဟာ ၿပီးခဲ့တဲ့ ၉ လေလာက္ထဲက ေနအိမ္ကေန ထြက္သြားၿပီး အဆက္အသြယ္မလုပ္ေတာ့တာေၾကာင့္ မိသားစုနဲ႔ သက္ဆိုင္ျခင္းမရွိေတာ့ေၾကာင္း ေၾကညာထားတာျဖစ္ပါတယ္။

ဦးစီးအရာရွိ ဦးေက်ာ္သက္လင္းဟာ SAC အာဏာရယူတဲ့ ေဖေဖာ္ဝါရီလထဲက CDM ျပဳလုပ္ထားတာျဖစ္ၿပီး အခုကာလမွာ ေတာတြင္းတစ္ေနရာမွာ ေတာ္လွန္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

မိဘကေမြျဖတ္ ဇနီးကကြာရွင္း

ကိုေက်ာ္သက္လင္းကိုယ္တိုင္ကလည္း ေအာင္ျမင္လာတဲ့ ေတာ္လွန္ေရးကို ဘယ္ဖက္ရင္ဘက္အုံဖိရင္းတည္ၿငိမ္စြာ ရင္ဆိုင္သြားမည္လို႔ သူ႔၏ ေဖြဖြတ္ခ္စာမ်က္ႏွာာ ေရးသားထားပါတယ္

SAC တပ္ေတြဟာ သူတို႔ရွာေဖြ ဖမ္းဆီးသူေတြကို မေတြ႕ရင္ မိသားစု၀င္ေတြကို ဖမ္းဆီးအက်ပ္ကိုင္တာေတြ လုပ္ေနတာေၾကာင့္ ႏိုင္ငံပိုင္သတင္းစာေတြမွာ အေမြျပတ္စြန္႔လႊတ္ေၾကာင္းနဲ႔ ကြာရွင္းျပတ္စဲေၾကာင္း ေၾကညာခ်က္ေတြ ေန႔စဥ္ေတြ႕ေနရတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.