NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်များ

NUG ၏ငွေတိုက်စာချုပ် ဝယ်ယူရန်အတွက် သိထားသင့်သောအချက်များ

အထူးငွေတိုက်စာချုပ် (Bond) ဆိုတာ အစိုးရတစ်ရပ်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ လိုငွေ ရှိလာတဲ့အခါမှ အစိုးရက ပြည်သူ့ဆီက ခေတ္တချေးယူ တဲ့ စာချုပ်ပါပဲ လို့ အရိုးရှင်းဆုံးပြောရင် ရပါတယ်။ အဲ့တော့ ငွေချေးတယ်ဆိုတဲ့ သဘာဝအတိုင်း တခြားအစိုးရတွေကတော့ တနှစ်ကို ဘယ်လောက်ဆိုပြီး အတိုးသတ်မှတ်ပေးတယ်။

အခု NUG က ထုတ်ရောင်းမဲ့ အထူးငွေတိုက်စာချုပ်များ (Bond) ကတော့ တော်လှန်ရေး ကာလမို့ အတိုးပေးနိုင်မှာ မဟုတ်ပါဘူး။ ၂နှစ်ပြည့်သွားလို့ ရှိရင် ကိုယ်တိုင်ငွေပြန်ထုတ်လို့ရသလို၊ နောက်တယောက်ကို လက်ပြောင်းရောင်းချချင်ရင်လဲ နည်းဥပဒေအတိုင်း ဆောင်ရွက်လို့ရမှာပါ။ ၂ နှစ်အတွင်း လွှဲပြောင်းရောင်းချလို့မရသလို ငွေလဲ ပြန်ထုတ်လို့မရပါဘူး။

အထူးငွေတိုက်စာချုပ် (Bond) ကရတဲ့ငွေတွေနဲ့တော်လှန်ရေးမှာလိုအပ်တာတွေကို အသုံးပြုြင်္ပီး တော်လှန်ရေးအရှိန်ကို မြှင့်မှာပါ။ အရှိန်မြှင့်ပြီး မြန်မြန်လက်စသတ်မှသာ ပြည်သူတွေခံစားရတဲ့ ဒုက္ခတွေ မြန်မြန်ချုပ်ငြိမ်းမှာပါ။

ငွေတိုက်စာချုပ်ကို အမေရိကန်ဒေါ်လာ သန်း၁၀၀၀ အထိ ထုတ်ရောင်းမှာ ဖြစ်ပြီး၊ စရောင်းတဲ့ Day 1 ကနေ ၂ လအတွင်း သန်း၂၀၀ ဖိုးရောင်းနိုင်ရင် လုပ်လက်စအလုပ်တွေ အရှိန်အဟုန်ကောင်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအားလုံး အားထည့်ကြဖို့လိုပါတယိ။

အခွန်နဲ့ ငွေတိုက်စာချုပ်ဘာကွာလဲ

အခွန်ဆိုတာက နိုင်ငံသားတိုင်း အခွန်ဆောင်ရမဲ့ ဝင်ငွေပမာဏရရှိသူတိုင်း ဆောင်ရမှာဖြစ်တယ်။ ဒါကနိုင်ငံသားတိုင်း လုပ်ကို လုပ်ရမဲ့တာဝန်။ မလုပ်ရင် ဥပဒေအရ အရေးယူလို့ရတယ်။

ငွေတိုက်စာချုပ်က ဝယ်ချင်တဲ့လူဝယ်လို့ရတယ်။ မဝယ်လို့ ဘာဥပဒေနဲ့မှ အရေးယူလို့မရဘူး။ ဒါပေမဲ့ တော်လှန်ရေးအစိုးရရောင်းတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ခြင်းအားဖြင့် တော်လှန်ရေးမှာ ဘယ်လောက်ထိ အလေးထားစိတ်ဝင်စားတယ်။ ဓမ္မဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့လူတွေ ဖြစ်တယ်ဆိုတာ ကမ္ဘာမှာ မှတ်ကျောက်တင်ခံနိုင်မဲ့ နိုင်ငံသားတွေ အဖြစ်သမိုင်းဝင်မယ်။ ဒါ့အပြင် မအလ တွေရဲ့ အသုံးမကျမှုကြောင့် မြန်မာငွေ တန်ဖိုးကျနေတာမို့ အမေရိကန်ဒေါ်လာနဲ့ရောင်းတဲ့ NUGရဲ့ ငွေတိုက်စာချုပ်ကို ဝယ်ထားခြင်းဖြင့် တော်လှန်ရေးမှာ အားထည့်နိုင်တဲ့အပြင် ကိုယ့် ပိုင်ဆိုင်မှုလဲ တန်ဖိုးလျှော့သွားစရာ မရှိဘူး။

ဝယ်မယ်ဆိုဘာလိုသလဲ
၂ နှစ်ပြည့်ရင် ကိုယ်ဝယ်ထားတဲ့ပမာဏကို တပြားမှမလျှော့ဘဲ ပြန်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် အမည်၊ မှတ်ပုံတင်အမှတ်နဲ့ email address လိုပါတယ်။ အချက်အလက်တွေ မပေါက်ကြားဖို့ data တွေ ထိန်းသိမ်းတဲ့ အဆင့်ဆင့်တွေကို အထပ်ထပ်အခါခါ စမ်းသပ်ပြင်ဆင်နေတာမို့ ၂၂ ရက်နေ့မှ စရောင်းနိုင်မှာပါ။ ကိုယ်တိုင်ထုတ်မပြောသ၍ တခြားလူ သိစရာ အကြောင်းမရှိပါဘူး။

ငွေတိုက်စာချုပ်ဝယ်ယူမည်ဆိုလျှင်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်ဝယ်ယူရန်အတွက် ပုံ(က)နှင့် ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် (၁) Order ID အမှတ် (၂) အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင် ဘဏ်စာရင်း အမှတ်(၃) ငွေတိုက်စာချုပ်တန်ဖိုး ငွေပေးဆောင်ပြီးကြောင်း ပုံစံ (ခ) တွင် ပါဝင်သော email ကို ([email protected]) မှ ပို့ပေးမည်ဖြစ်ပါသည်၊၊

ငွေတိုက်စာချုပ်ဝယ်ယူသူ၏ ဘဏ်စာရင်းမှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် (International Bank to Bank Transfer) တမျိုးမျိုးဖြင့် ပေးပို့ရန်ဖြစ်ပါသည်။

ထိုအီးမေးလ် တွင် ဖော်ပြထားသော Order ID နံပါတ်ကို တိကျသေချာစွာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်ဘဏ်စာရင်းသို့ ငွေလွှဲပေးပို့သည့်အခါတွင် ယင်း ID နံပါတ်အား ရည်ညွှန်းအမှတ် (Reference) အဖြစ် ထည့်ပေးရမည်ဖြစ်ပါသည်။

ငွေတိုက်စာချုပ်တန်ဖိုးငွေလွှဲပြီးသောအခါ

ငွေလွှဲပြီးကြောင်း ပုံစံ(ခ) ကို ဖြင့် မပျက်မကွက် ဖြည့်သွင်းရပါမည်။ ပုံစံ (ခ) ကိုဖြည့်သွင်းရာတွင်လိုအပ်သည့် အချက်အလက်များနှင့် မိမိငွေလွှဲထားသော အထောက်အထား များကို ချိတ်ဆက်ဖိုင် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ဝယ်ယူထားသော ငွေတိုက်စာချုပ်ကို (၁၄) ရက်အတွင်း ပြန်လည် ပို့ပေးမည်ဖြစ်ပါသည်၊၊ ၎င်းစာချုပ်သည် ငွေပြန်လည်ထုတ်ယူရန် လူကြီးမင်း၏ တစ်ခုတည်းသော သက်သေအထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် သေချာစွာ သိမ်းဆည်းထားရန်လိုအပ်ပါသည်၊၊

ငွေလွှဲချိန်တွင်သိထားသင့်သည့်အချက်များ

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေလွှဲချိန်တွင် လူကြီးမင်း၏ဘဏ်မှ ကျသင့်သည့် ဘဏ်ဝန်ဆောင်ခများ (Bank Charges/ Service Fee) အား လူကြီးမင်းဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၏ တရားဝင် ဘဏ်အကောင့်တွင် လက်ခံရရှိသည့် ငွေပမာဏ ကိုသာ ငွေတိုက်စာချုပ်တန်ဖိုးအဖြစ် သတ်မှတ်မည်ဖြစ်သည်၊၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေဝင်ရန် ရုံးချိန် ၁ ရက်မှ ၃ ရက်အထိကြာမြင့်နိုင်ပါသည်၊

Reference (သို့မဟုတ်) Purpose to transfer သို့မဟုတ် Message to beneficiary တွင် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့ထားသည့် (Order ID Number) မှလွဲ၍ အခြားမည်သည့်စကားလုံးမှ မရေးမိရန် သတိထားစေလိုပါသည်၊၊

ငွေလွှဲချိန်တွင် သက်ဆိုင်ရာနိုင်ငံနှင့် ဘဏ်များ၏ တည်ဆဲဥပဒေ စည်းမျဉ်းများပေါ်မူတည်ပြီး ဘဏ်များမှ လူကြီးမင်းအား စုံစမ်းမေးမြန်းမှုများ ရှိလာနိုင်ပါသဖြင့် ငွေပေးချေမှုအတွက် ကန့်သတ်ထားသည့် ငွေလွှဲပမာဏကို သတိပြုစေလိုပါသည်။ လူကြီးမင်း ပေးဆောင်မည့် ငွေပမာဏများပြားလျှင် အကြိမ်ရေခွဲပြီး ငွေလွှဲရန် အကြံပြုအပ်ပါသည်၊၊

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနမှ ပေးပို့သော အီးမေးလ် များ ([email protected] နှင့် [email protected]) ကို Junk (သို့မဟုတ်) Spam Folder ထဲသို့ရောက်ရှိနေနိုင်သဖြင့် ယင်း Folder များထဲတွင်လည်း စစ်ဆေးစေလိုပါသည်၊၊

ကိုယ်စားလှယ်မှတဆင့်ဝယ်ယူလိုသူများအတွက်လိုအပ်သောအချက်များ

ငွေလွှဲပြီးသောအခါတွင် ကိုယ်စားလှယ်ဝယ်ယူပေးမည့်သူသည် စာချုပ်တန်ဖိုးငွေကို ပေးဆောင်ပြီးကြောင်း ပုံစံ(ခ) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။

ပုံစံ(ခ) ကို ဖြည့်သွင်းချိန်တွင် “ဝယ်ယူသူများ၏ အချက်များ” ဇယားတွင် ဝယ်ယူသူများ၏ အချက်အလက်များကို တစ်ဦးချင်းစီအတွက် တိကျမှန်ကန်စွာ ဖြည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။ ဥပမာ – စုပေါင်းဝယ်ယူသူ ၃ ဦးဖြစ်လျှင် ပုံစံ(ခ) ကို (Order ID နံပါတ်) တစ်ခုတည်းကိုသာ အသုံးပြု၍ “ဝယ်ယူသူများ၏ အချက်များ” ဇယားတွင် ဝယ်ယူသူ(၁)၊ ဝယ်ယူသူ(၂)၊ ဝယ်ယူသူ(၃) ဟု ၃ယောက်စာ ဖြည့်သွင်းကာ ပေးပို့ရပါမည်။

ဝယ်ယူသူတစ်ဦးစီအတွက် ငွေတိုက်စာချုပ်တစ်ခုစီ သီးသန့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်ဖြင့်ဝယ်ယူသည့် ပုံစံ(ခ)စာရင်းတွင်ပါဝင်သော ငွေပမာဏနှင့် အမျိုးသားညီညွတ်ရေး အစိုးရဘဏ်တွင် လက်ခံရရှိသည့် ငွေပမာဏ မတူညီလျှင် အမှတ်တကယ်လက်ခံရရှိသည့် ငွေပမာဏအတွက်သာ ထုတ်ပေးသွားမည်ဖြစ်သည်၊၊

ရောင်းမဲ့ ငွေတိုက်စာချုပ်အမျိုးအစားက ၄ မျိုးပါ
USD 100, USD 500, USD 1000 နဲ့ USD 5000 ပါ။ နိုင်ငံခြားက လူတွေကတော့ လွယ်ကူစွာ တိုက်ရိုက်ဝယ်နိုင်မှာ ဖြစ်ပြီး ပြည်တွင်းက လူတွေကတော့ နိုင်ငံခြားက မိတ်ဆွေတွေက တဆင့်ဝယ်နိုင်သလို ဝေဖာဝယ်ခဲ့တုန်းက လို မိတ်ဆွေတွေကနေတဆင့်လဲ ဝယ်နိုင်ပါတယ်။

ဘယ်လောက် တန်ပဲဝယ်ဝယ် NUG ရဲ့ ဘဏ်စာရင်းထဲကို အရောက်လွှဲရတာမို့ ငွေလွှဲခက တခါလွဲရင် USD 15 လောက် ကျပါတယ်။ အဲ့တော့ USD 100 တန် ဝယ်မယ်ဆိုရင် ငွေလွှဲခနဲ့ စုစုပေါင်း USD 115 လောက် ကျမှာပေါ့ရှင်။ USD 5000 တန်ဝယ်လဲ တကြိမ်သာလွှဲရတာမို့ USD 15 ပါပဲ။ အဲ့တော့ USD 5015 ကျမှာပေါ့နော်။

မြန်မာငွေနဲ့ဝယ်မဲ့လူတွေကတော့ ဝယ်မဲ့နေ့ရဲ့ ဒေါ်လာပေါက်ဈေးပေါ်မှာ မူတည်ပြီး လွှဲကြ ဝယ်ကြရမှာဖြစ်ပါတယ်။ ဒါမှသာ ဒီအနီရောင်ချယ် လွတ်မြောက်နယ်မြေတွေ အမြန်ဆုံးပေါ်လာမှာမို့ပါ။

ဒီအနီရောင်ချယ် လွတ်မြောက်နယ်မြေတွေ အမြန်ဆုံးပေါ်လာမှာမို့ပါ။၂၂-၁၁-၂၀၂၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက စရောင်းမယ့် ငွေတိုက်စာချုပ်တွေကို… https://www.unitedbonds-nug.org မှာဝင်ရောက်ကြည့်ရှု၍ စတင် ဝယ်ယူနိုင်ပါပြီ။

Zawgyi

NUG ၏ေငြတိုက္စာခ်ဳပ္ ဝယ္ယူရန္အတြက္ သိထားသင့္ေသာအခ်က္မ်ား

အထူးေငြတိုက္စာခ်ဳပ္ (Bond) ဆိုတာ အစိုးရတစ္ရပ္က လုပ္သင့္လုပ္ထိုက္တာေတြ လုပ္ဖို႔ လိုေငြ ရွိလာတဲ့အခါမွ အစိုးရက ျပည္သူ႔ဆီက ေခတၱေခ်းယူ တဲ့ စာခ်ဳပ္ပါပဲ လို႔ အ႐ိုးရွင္းဆုံးေျပာရင္ ရပါတယ္။ အဲ့ေတာ့ ေငြေခ်းတယ္ဆိုတဲ့ သဘာဝအတိုင္း တျခားအစိုးရေတြကေတာ့ တႏွစ္ကို ဘယ္ေလာက္ဆိုၿပီး အတိုးသတ္မွတ္ေပးတယ္။

အခု NUG က ထုတ္ေရာင္းမဲ့ အထူးေငြတိုက္စာခ်ဳပ္မ်ား (Bond) ကေတာ့ ေတာ္လွန္ေရး ကာလမို႔ အတိုးေပးႏိုင္မွာ မဟုတ္ပါဘူး။ ၂ႏွစ္ျပည့္သြားလို႔ ရွိရင္ ကိုယ္တိုင္ေငြျပန္ထုတ္လို႔ရသလို၊ ေနာက္တေယာက္ကို လက္ေျပာင္းေရာင္းခ်ခ်င္ရင္လဲ နည္းဥပေဒအတိုင္း ေဆာင္႐ြက္လို႔ရမွာပါ။ ၂ ႏွစ္အတြင္း လႊဲေျပာင္းေရာင္းခ်လို႔မရသလို ေငြလဲ ျပန္ထုတ္လို႔မရပါဘူး။

အထူးေငြတိုက္စာခ်ဳပ္ (Bond) ကရတဲ့ေငြေတြနဲ႔ေတာ္လွန္ေရးမွာလိုအပ္တာေတြကို အသုံးျပဳၿပႌး ေတာ္လွန္ေရးအရွိန္ကို ျမႇင့္မွာပါ။ အရွိန္ျမႇင့္ၿပီး ျမန္ျမန္လက္စသတ္မွသာ ျပည္သူေတြခံစားရတဲ့ ဒုကၡေတြ ျမန္ျမန္ခ်ဳပ္ၿငိမ္းမွာပါ။

ေငြတိုက္စာခ်ဳပ္ကို အေမရိကန္ေဒၚလာ သန္း၁၀၀၀ အထိ ထုတ္ေရာင္းမွာ ျဖစ္ၿပီး၊ စေရာင္းတဲ့ Day 1 ကေန ၂ လအတြင္း သန္း၂၀၀ ဖိုးေရာင္းႏိုင္ရင္ လုပ္လက္စအလုပ္ေတြ အရွိန္အဟုန္ေကာင္းေအာင္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္သူေတြအားလုံး အားထည့္ၾကဖို႔လိုပါတယိ။

အခြန္နဲ႔ ေငြတိုက္စာခ်ဳပ္ဘာကြာလဲ

အခြန္ဆိုတာက ႏိုင္ငံသားတိုင္း အခြန္ေဆာင္ရမဲ့ ဝင္ေငြပမာဏရရွိသူတိုင္း ေဆာင္ရမွာျဖစ္တယ္။ ဒါကႏိုင္ငံသားတိုင္း လုပ္ကို လုပ္ရမဲ့တာဝန္။ မလုပ္ရင္ ဥပေဒအရ အေရးယူလို႔ရတယ္။

ေငြတိုက္စာခ်ဳပ္က ဝယ္ခ်င္တဲ့လူဝယ္လို႔ရတယ္။ မဝယ္လို႔ ဘာဥပေဒနဲ႔မွ အေရးယူလို႔မရဘူး။ ဒါေပမဲ့ ေတာ္လွန္ေရးအစိုးရေရာင္းတဲ့ ေငြတိုက္စာခ်ဳပ္ကို ဝယ္ျခင္းအားျဖင့္ ေတာ္လွန္ေရးမွာ ဘယ္ေလာက္ထိ အေလးထားစိတ္ဝင္စားတယ္။ ဓမၼဘက္မွာ ျပတ္ျပတ္သားသား ရပ္တည္တဲ့လူေတြ ျဖစ္တယ္ဆိုတာ ကမာၻမွာ မွတ္ေက်ာက္တင္ခံႏိုင္မဲ့ ႏိုင္ငံသားေတြ အျဖစ္သမိုင္းဝင္မယ္။ ဒါ့အျပင္ မအလ ေတြရဲ႕ အသုံးမက်မႈေၾကာင့္ ျမန္မာေငြ တန္ဖိုးက်ေနတာမို႔ အေမရိကန္ေဒၚလာနဲ႔ေရာင္းတဲ့ NUGရဲ႕ ေငြတိုက္စာခ်ဳပ္ကို ဝယ္ထားျခင္းျဖင့္ ေတာ္လွန္ေရးမွာ အားထည့္ႏိုင္တဲ့အျပင္ ကိုယ့္ ပိုင္ဆိုင္မႈလဲ တန္ဖိုးေလွ်ာ့သြားစရာ မရွိဘူး။

ဝယ္မယ္ဆိုဘာလိုသလဲ
၂ ႏွစ္ျပည့္ရင္ ကိုယ္ဝယ္ထားတဲ့ပမာဏကို တျပားမွမေလွ်ာ့ဘဲ ျပန္ထုတ္ေပးမွာ ျဖစ္တဲ့အတြက္ အမည္၊ မွတ္ပုံတင္အမွတ္နဲ႔ email address လိုပါတယ္။ အခ်က္အလက္ေတြ မေပါက္ၾကားဖို႔ data ေတြ ထိန္းသိမ္းတဲ့ အဆင့္ဆင့္ေတြကို အထပ္ထပ္အခါခါ စမ္းသပ္ျပင္ဆင္ေနတာမို႔ ၂၂ ရက္ေန႔မွ စေရာင္းႏိုင္မွာပါ။ ကိုယ္တိုင္ထုတ္မေျပာသ၍ တျခားလူ သိစရာ အေၾကာင္းမရွိပါဘူး။

ေငြတိုက္စာခ်ဳပ္၀ယ္ယူမည္ဆိုလွ်င္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ ေငြတိုက္စာခ်ဳပ္၀ယ္ယူရန္အတြက္ ပုံ(က)ႏွင့္ ပုံစံ(ခ) ကို မပ်က္မကြက္ ျဖည့္သြင္းရန္ (၁) Order ID အမွတ္ (၂) အမ်ိဳးသားညီၫြတ္ေရး အစိုးရ၏ တရားဝင္ ဘဏ္စာရင္း အမွတ္(၃) ေငြတိုက္စာခ်ဳပ္တန္ဖိုး ေငြေပးေဆာင္ၿပီးေၾကာင္း ပုံစံ (ခ) တြင္ ပါဝင္ေသာ email ကို ([email protected]) မွ ပို႔ေပးမည္ျဖစ္ပါသည္၊၊

ေငြတိုက္စာခ်ဳပ္၀ယ္ယူသူ၏ ဘဏ္စာရင္းမွ အမ်ိဳးသားညီၫြတ္ေရး အစိုးရ၏ ဘဏ္စာရင္းသို႔အျပည္ျပည္ဆိုင္ရာ ေငြလႊဲပို႔စံနစ္ (International Bank to Bank Transfer) တမ်ိဳးမ်ိဳးျဖင့္ ေပးပို႔ရန္ျဖစ္ပါသည္။

ထိုအီးေမးလ္ တြင္ ေဖာ္ျပထားေသာ Order ID နံပါတ္ကို တိက်ေသခ်ာစြာမွတ္သားထားၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ ၏ တရားဝင္ဘဏ္စာရင္းသို႔ ေငြလႊဲေပးပို႔သည့္အခါတြင္ ယင္း ID နံပါတ္အား ရည္ၫႊန္းအမွတ္ (Reference) အျဖစ္ ထည့္ေပးရမည္ျဖစ္ပါသည္။

ေငြတိုက္စာခ်ဳပ္တန္ဖိုးေငြလႊဲၿပီးေသာအခါ

ေငြလႊဲၿပီးေၾကာင္း ပုံစံ(ခ) ကို ျဖင့္ မပ်က္မကြက္ ျဖည့္သြင္းရပါမည္။ ပုံစံ (ခ) ကိုျဖည့္သြင္းရာတြင္လိုအပ္သည့္ အခ်က္အလက္မ်ားႏွင့္ မိမိေငြလႊဲထားေသာ အေထာက္အထား မ်ားကို ခ်ိတ္ဆက္ဖိုင္ (Attached File) အျဖစ္ ေပးပို႔ရမည္ျဖစ္ပါသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာနမွ လက္ခံရရွိေငြကို စစ္ေဆးၿပီးေနာက္ လူႀကီးမင္း ၀ယ္ယူထားေသာ ေငြတိုက္စာခ်ဳပ္ကို (၁၄) ရက္အတြင္း ျပန္လည္ ပို႔ေပးမည္ျဖစ္ပါသည္၊၊ ၎စာခ်ဳပ္သည္ ေငြျပန္လည္ထုတ္ယူရန္ လူႀကီးမင္း၏ တစ္ခုတည္းေသာ သက္ေသအေထာက္အထားမွတ္တမ္းျဖစ္သည့္အတြက္ ေသခ်ာစြာ သိမ္းဆည္းထားရန္လိုအပ္ပါသည္၊၊

ေငြလႊဲခ်ိန္တြင္သိထားသင့္သည့္အခ်က္မ်ား

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ တရားဝင္ ဘဏ္အေကာင့္သို႔ ေငြလႊဲခ်ိန္တြင္ လူႀကီးမင္း၏ဘဏ္မွ က်သင့္သည့္ ဘဏ္ဝန္ေဆာင္ခမ်ား (Bank Charges/ Service Fee) အား လူႀကီးမင္းဘက္မွ ေပးေဆာင္ရမည္ျဖစ္ပါသည္၊၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာန၏ တရားဝင္ ဘဏ္အေကာင့္တြင္ လက္ခံရရွိသည့္ ေငြပမာဏ ကိုသာ ေငြတိုက္စာခ်ဳပ္တန္ဖိုးအျဖစ္ သတ္မွတ္မည္ျဖစ္သည္၊၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ တရားဝင္ ဘဏ္အေကာင့္သို႔ ေငြဝင္ရန္ ႐ုံးခ်ိန္ ၁ ရက္မွ ၃ ရက္အထိၾကာျမင့္ႏိုင္ပါသည္၊

Reference (သို႔မဟုတ္) Purpose to transfer သို႔မဟုတ္ Message to beneficiary တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာနမွ ေပးပို႔ထားသည့္ (Order ID Number) မွလြဲ၍ အျခားမည္သည့္စကားလုံးမွ မေရးမိရန္ သတိထားေစလိုပါသည္၊၊

ေငြလႊဲခ်ိန္တြင္ သက္ဆိုင္ရာႏိုင္ငံႏွင့္ ဘဏ္မ်ား၏ တည္ဆဲဥပေဒ စည္းမ်ဥ္းမ်ားေပၚမူတည္ၿပီး ဘဏ္မ်ားမွ လူႀကီးမင္းအား စုံစမ္းေမးျမန္းမႈမ်ား ရွိလာႏိုင္ပါသျဖင့္ ေငြေပးေခ်မႈအတြက္ ကန႔္သတ္ထားသည့္ ေငြလႊဲပမာဏကို သတိျပဳေစလိုပါသည္။ လူႀကီးမင္း ေပးေဆာင္မည့္ ေငြပမာဏမ်ားျပားလွ်င္ အႀကိမ္ေရခြဲၿပီး ေငြလႊဲရန္ အႀကံျပဳအပ္ပါသည္၊၊

အမ်ိဳးသားညီၫြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာနမွ ေပးပို႔ေသာ အီးေမးလ္ မ်ား ([email protected] ႏွင့္ [email protected]) ကို Junk (သို႔မဟုတ္) Spam Folder ထဲသို႔ေရာက္ရွိေနႏိုင္သျဖင့္ ယင္း Folder မ်ားထဲတြင္လည္း စစ္ေဆးေစလိုပါသည္၊၊

ကိုယ္စားလွယ္မွတဆင့္ဝယ္ယူလိုသူမ်ားအတြက္လိုအပ္ေသာအခ်က္မ်ား

ေငြလႊဲၿပီးေသာအခါတြင္ ကိုယ္စားလွယ္၀ယ္ယူေပးမည့္သူသည္ စာခ်ဳပ္တန္ဖိုးေငြကို ေပးေဆာင္ၿပီးေၾကာင္း ပုံစံ(ခ) ကို မပ်က္မကြက္ ျဖည့္သြင္းရန္ လိုအပ္ပါသည္။

ပုံစံ(ခ) ကို ျဖည့္သြင္းခ်ိန္တြင္ “၀ယ္ယူသူမ်ား၏ အခ်က္မ်ား” ဇယားတြင္ ၀ယ္ယူသူမ်ား၏ အခ်က္အလက္မ်ားကို တစ္ဦးခ်င္းစီအတြက္ တိက်မွန္ကန္စြာ ျဖည့္သြင္းေပးပို႔ရန္ လိုအပ္ပါသည္။ ဥပမာ – စုေပါင္း၀ယ္ယူသူ ၃ ဦးျဖစ္လွ်င္ ပုံစံ(ခ) ကို (Order ID နံပါတ္) တစ္ခုတည္းကိုသာ အသုံးျပဳ၍ “၀ယ္ယူသူမ်ား၏ အခ်က္မ်ား” ဇယားတြင္ ၀ယ္ယူသူ(၁)၊ ၀ယ္ယူသူ(၂)၊ ၀ယ္ယူသူ(၃) ဟု ၃ေယာက္စာ ျဖည့္သြင္းကာ ေပးပို႔ရပါမည္။

၀ယ္ယူသူတစ္ဦးစီအတြက္ ေငြတိုက္စာခ်ဳပ္တစ္ခုစီ သီးသန္႔ထုတ္ေပးသြားမည္ျဖစ္ပါသည္။ ကိုယ္စားလွယ္ျဖင့္ဝယ္ယူသည့္ ပုံစံ(ခ)စာရင္းတြင္ပါဝင္ေသာ ေငြပမာဏႏွင့္ အမ်ိဳးသားညီၫြတ္ေရး အစိုးရဘဏ္တြင္ လက္ခံရရွိသည့္ ေငြပမာဏ မတူညီလွ်င္ အမွတ္တကယ္လက္ခံရရွိသည့္ ေငြပမာဏအတြက္သာ ထုတ္ေပးသြားမည္ျဖစ္သည္၊၊

ေရာင္းမဲ့ ေငြတိုက္စာခ်ဳပ္အမ်ိဳးအစားက ၄ မ်ိဳးပါ

USD 100, USD 500, USD 1000 နဲ႔ USD 5000 ပါ။ ႏိုင္ငံျခားက လူေတြကေတာ့ လြယ္ကူစြာ တိုက္႐ိုက္ဝယ္ႏိုင္မွာ ျဖစ္ၿပီး ျပည္တြင္းက လူေတြကေတာ့ ႏိုင္ငံျခားက မိတ္ေဆြေတြက တဆင့္ဝယ္ႏိုင္သလို ေဝဖာဝယ္ခဲ့တုန္းက လို မိတ္ေဆြေတြကေနတဆင့္လဲ ဝယ္ႏိုင္ပါတယ္။

ဘယ္ေလာက္ တန္ပဲဝယ္ဝယ္ NUG ရဲ႕ ဘဏ္စာရင္းထဲကို အေရာက္လႊဲရတာမို႔ ေငြလႊဲခက တခါလြဲရင္ USD 15 ေလာက္ က်ပါတယ္။ အဲ့ေတာ့ USD 100 တန္ ဝယ္မယ္ဆိုရင္ ေငြလႊဲခနဲ႔ စုစုေပါင္း USD 115 ေလာက္ က်မွာေပါ့ရွင္။ USD 5000 တန္ဝယ္လဲ တႀကိမ္သာလႊဲရတာမို႔ USD 15 ပါပဲ။ အဲ့ေတာ့ USD 5015 က်မွာေပါ့ေနာ္။

ျမန္မာေငြနဲ႔ဝယ္မဲ့လူေတြကေတာ့ ဝယ္မဲ့ေန႔ရဲ႕ ေဒၚလာေပါက္ေဈးေပၚမွာ မူတည္ၿပီး လႊဲၾက ဝယ္ၾကရမွာျဖစ္ပါတယ္။ ဒါမွသာ ဒီအနီေရာင္ခ်ယ္ လြတ္ေျမာက္နယ္ေျမေတြ အျမန္ဆုံးေပၚလာမွာမို႔ပါ။

ဒီအနီေရာင္ခ်ယ္ လြတ္ေျမာက္နယ္ေျမေတြ အျမန္ဆုံးေပၚလာမွာမို႔ပါ။၂၂-၁၁-၂၀၂၁ ရက္ေန႔တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက စေရာင္းမယ့္ ေငြတိုက္စာခ်ဳပ္ေတြကို… https://www.unitedbonds-nug.org မွာဝင္ေရာက္ၾကည့္ရႈ၍ စတင္ ဝယ္ယူႏိုင္ပါၿပီ။

Leave a Reply

Your email address will not be published.