နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားသော သဘာဝဘေးအမှုအပြီးသတ်စီရင်ချက်ချမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစွဲဆိုထားသော သဘာဝဘေးအမှုအပြီးသတ်စီရင်ချက်ချမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှု ဥပဒေပုဒ်မ ၂၅ အမှုအတွက် အပြီးသတ်စီရင်ချက်အမိန့် ချသွားတော့မည်ဖြစ်သည်။

ယနေ့(နိဝင်ဘာ၂၂ )ရက်နေ့ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားစွဲဆိုထားသော အမှုသုံးမှုနှင့် သမ္မတကြီးဦးဝင်းမြင့်ကိုစွဲဆိုထားသော အမှုတစ်မှုအတွက် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်အထူးတရားရုံး တွင် ရုံးထုတ်ကြားနာခဲ့ကြခြင်းဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီခွဲတွင် တရားခွင်းကိုစတင်ခဲ့ကြပြီး သမ္မတကြီးအားစွဲဆိုထားသော သဘာဝဘေးအမှုအတွက် ကြားနာစစ်ဆေးခဲ့ပြီးနောက် အပြီးသတ်စီရင်ချက်ချမှတ်ရန်စွပ်စွဲခံရသူနှင့်တရားလိုဘက်တို့က အပြီးသတ်လျှောက်လဲချက်များ ရေးသားတင်သွင်းခဲ့ကြသည်။

ထို့နောက် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအမှုအတွက်ကြားနာစစ်ဆေးခဲ့ပြီးသမ္မတနည်းတူ အပြီးအပြီးသတ်စီရင်ချက်ချရန် အပြီးသတ်လျှောက်လဲချက်ကိုနှစ်ဘက်ရေးသားတင်သွင်းခဲ့သည်။နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံနှစ်ဦးစလုံးကို အပြီးသတ်စီရင်ချက်အမိန့်ချရန် အထူးတရားရုံးတရားသူကြီးဦးမောင်မောင်လွင်ကဒီဇင်ဘာ ၆ ရက်ကိုချိန်းဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသော ပို့ကုန်သွင်းကုန်အမှုနှင့် ဆက်သွယ်ရေးအမှုနှစ်ခုကို ဆက်လက်ကြားနာရာ သူမကိုယ်တိုင် ခုခံချေပ ထွက်ဆိုခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်စလုံး ယနေ့တွင် ကျန်းမာရေးအထူး​ကောင်းမွန်သည်ဟု တရားရုံးနှင့်နီးစပ်သူတစ် ဦးကဆိုသည်။

Zawgyi

ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကိုစြဲဆိုထားေသာ သဘာဝေဘးအမႈအၿပီးသတ္စီရင္ခ်က္ခ်မည္

ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကို စြဲဆိုထားေသာ သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲ႕မႈ ဥပေဒပုဒ္မ ၂၅ အမႈအတြက္ အၿပီးသတ္စီရင္ခ်က္အမိန္႔ ခ်သြားေတာ့မည္ျဖစ္သည္။

ယေန႔(နိဝင္ဘာ၂၂ )ရက္ေန႔႐ုံးခ်ိန္းတြင္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အားစြဲဆိုထားေသာ အမႈသုံးမႈႏွင့္ သမၼတႀကီးဦးဝင္းျမင့္ကိုစြဲဆိုထားေသာ အမႈတစ္မႈအတြက္ ေနျပည္ေတာ္ဇဗၺဴသီရိၿမိဳ႕နယ္အထူးတရား႐ုံး တြင္ ႐ုံးထုတ္ၾကားနာခဲ့ၾကျခင္းျဖစ္သည္။

ယေန႔ နံနက္ ၁၀ နာရီခြဲတြင္ တရားခြင္းကိုစတင္ခဲ့ၾကၿပီး သမၼတႀကီးအားစြဲဆိုထားေသာ သဘာဝေဘးအမႈအတြက္ ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ အၿပီးသတ္စီရင္ခ်က္ခ်မွတ္ရန္စြပ္စြဲခံရသူႏွင့္တရားလိုဘက္တို႔က အၿပီးသတ္ေလွ်ာက္လဲခ်က္မ်ား ေရးသားတင္သြင္းခဲ့ၾကသည္။

ထို႔ေနာက္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အား စြဲဆိုထားေသာ သဘာဝေဘးအမႈအတြက္ၾကားနာစစ္ေဆးခဲ့ၿပီးသမၼတနည္းတူ အၿပီးအၿပီးသတ္စီရင္ခ်က္ခ်ရန္ အၿပီးသတ္ေလွ်ာက္လဲခ်က္ကိုႏွစ္ဘက္ေရးသားတင္သြင္းခဲ့သည္။ႏိုင္ငံေတာ္သမၼတႏွင့္ အတိုင္ပင္ခံႏွစ္ဦးစလုံးကို အၿပီးသတ္စီရင္ခ်က္အမိန္႔ခ်ရန္ အထူးတရား႐ုံးတရားသူႀကီးဦးေမာင္ေမာင္လြင္ကဒီဇင္ဘာ ၆ ရက္ကိုခ်ိန္းဆိုခဲ့သည္။

ထို႔အျပင္ ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားေသာ ပို႔ကုန္သြင္းကုန္အမႈႏွင့္ ဆက္သြယ္ေရးအမႈႏွစ္ခုကို ဆက္လက္ၾကားနာရာ သူမကိုယ္တိုင္ ခုခံေခ်ပ ထြက္ဆိုခဲ့သည္။
ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ႏွစ္စလုံး ယေန႔တြင္ က်န္းမာေရးအထူး​ေကာင္းမြန္သည္ဟု တရား႐ုံးႏွင့္နီးစပ္သူတစ္ ဦးကဆိုသည္။

Leave a Reply

Your email address will not be published. Required fields are marked *