ငွေတွေသယ် သံချပ်ကာယာဉ်ပေါ်မှ ငွေစက္ကူများထွက်ကျသဖြင့် ပြည်သူများကောက်ယူကြ

ကယ်လီဖိုးနီးယားတွင် ငွေသယ် သံချပ်ကာယာဉ်ပေါ်မှ ငွေစက္ကူများထွက်ကျသဖြင့် ပြည်သူများကောက်ယူကြ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ငွေစက္ကူများကို တစ်နေရာမှ တစ်နေရာသို့ သယ်ပေးရသော သံချပ်ကာယာဉ်ပေါ်မှ ငွေစက္ကူများထွက်ကျခဲ့သဖြင့် ယင်းလမ်းပေါ်တွင် မောင်းနှင်သွားလာနေသော ယာဉ်မောင်းများ ကောက်ယူခဲ့ကြသည်။

ဆန်ဒီယာဂိုမြို့မှနေ၍ နိုင်ငံတော်ဗဟိုအာမခံကော်ပိုရေးရှင်းရုံးခွဲတစ်ခုဆီသို့ ငွေစက္ကူများ သယ်ယူလာသော ယာဉ်ပေါ်မှ ငွေစက္ကူများ ထွက်ကျခြင်းဖြစ်သည်။ ယင်း သံချပ်ကာယာဉ်၏ တံခါပွင့်သွားပြီး ငွေစက္ကူများထည့်ထားသည့်အိပ်များထွက်ကျကာ အထဲမှ ငွေစက္ကူများ လမ်းမပေါ်ပြန့်ကျဲသွားခြင်းဖြစ်သည်။

ထိုသို့ဖြစ်ခြင်းကြောင့် မောင်းနှင့်နေသော ကားများရပ်တန့်ကာ ယာဉ်မောင်းများက လမ်းပေါ်ပြန့်ကျဲနေသော ငွေစက္ကူများကို အလုအယက်ကောက်ယူကြခြင်းဖြစ်သည်။ငွေစက္ကူများကောက်ယူသွားကြသူတို့အနေဖြင့် နီးစပ်ရာ အဝေးပြေးလမ်းမရဲစခန်းမျာ;ဆီသို့ ပြန်လာပေးကြရန် ဒေသအာဏာပိုင်များက ကြေညာထားပြီး၊ ငွေစက္ကူများလက်ဝယ်မိသူ ၂ ဦးကို ဖမ်းဆီးထားကြောင်းသိရသည်။

ပြီးခဲ့သည့် သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၉နာရီ၁၅မိနစ်ခန့်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် ငွေစက္ကူတန်ဖိုးပမာဏ မည်မျှထွက်ကျခဲ့သည်ဆိုခြင်းကိုမူ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာခြင်းမရှိသေးချေ။

Zawgyi

Leave a Reply

Your email address will not be published.