ကချင်ပြည်နယ်က တိုက်ပွဲရှောင်မိသားစု ၁၀၀ ကျော်အတွက် တစ်အိမ်ထောင် ကျပ် ၂ သိန်း ထောက်ပံ့

ကချင်ပြည်နယ်က တိုက်ပွဲရှောင်မိသားစု ၁၀၀ ကျော်အတွက် တစ်အိမ်ထောင် ကျပ် ၂ သိန်း ထောက်ပံ့

ကချင်ပြည်နယ်က တိုက်ပွဲရှောင်မိသားစု ၁၀၀ ကျော်အတွက် တစ်အိမ်ထောင် ကျပ် ၂ သိန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထုတ်ပြန် လိုက်ပါတယ်

ကချင်အထူးစီမံချက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်မှ ကချင်ပြည်နယ်၊ လော်ဝေါ်နှစ်ခြင်းစခန်းရှိ အိမ်ထောင်စု(၅၇)စုနှင့် ကေဘီစီစခန်း(၂)ရှိ အိမ်ထောင်စု(၅၈)စု၊ စုစုပေါင်း အိမ်ထောင်စုပေါင်း (၁၁၅)စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ယခုနိုဝင်ဘာလ တတိယပတ်အတွင်းက ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။

Zawgyi





Leave a Reply

Your email address will not be published. Required fields are marked *