အိမ်နဲ့ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လကျော်ရှိပေမယ့် NUG အစိုးရရဲ့ ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

အိမ်နဲ့ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လကျော်ရှိပေမယ့် NUG အစိုးရရဲ့ ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

မိတ်ကပ်လောကမှာ နာမည်ကြီးအလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ် မေဦးဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။ မေဦးဟာဆိုရင် အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆို ရင် လည်း ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ပြီး နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာအစွမ်းကုန်ပါဝင်နေတာပဲဖြစ်ပါတယ်။

မေဦးက ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ စတင်ခဲ့တဲ့အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ လူထုလှုပ်ရှားကို အင်တိုက်အားတိုက် အစွမ်းကုန်ပြုလုပ်နေတဲ့ မေဦးက ၅၀၅-က နဲ့ အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာမေဦး လည်း ပါဝင်လာပါတယ်။ မေဦးကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေကိုလည်း တက်တက်ကြွကြွလုပ်ကိုင်နေပြီး နွေဦးတော်လှန်ရေးအတွက် လိုအပ်သမျှအလှူငွေတွေကို ထောက်ပံ့ပေးနေလျက်ရှိပါတယ်။ အခုတစ်ခါမှာလည်း မေဦးက ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

” မေဦးအိမ်နဲ့ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လရှိပါပြီ

ဆုံးရှုံးနစ်နာတာတွေလည်းအများကြီးပါ

ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် မေဦးကိုမှီခိုနေရသူတွေလည်း အဆင်မပြေဖြစ်ခဲ့ရပါပြီ

ဒါပေမယ့် ကိုယ်ရဲ့ဆုံးရှုံးမှုထက် မကတဲ့ ဘဝတွေပေးလိုက်ရသူတွေ အသက်တွေပေးလိုက်ရသူတွေက သန်းနဲ့ချီရှိနေပါသေးတယ် ။

ဒါ့ကြောင့် အမှန်တရားလမ်းကိုအဆုံးထိဆက်လျှောက်ဖို့အတွက်

အဆင်မပြေတဲ့ကြားထဲက

NUG ရဲ့ USD ၁၀၀၀ တန်ငွေတိုက်စာချုပ်ကိုဝယ်ဖို့ဆုံးဖြတ်ထားပါတယ် ။

မေဦးတို့အပါအဝင် စစ်ဘေးဘဝနဲ့ဒုက္ခရောက်နေတဲ့တိုင်းရင်းသားတွေ အိမ်ပြန်နိုင်ဖို့အတွက် အဖိနှိပ်ခံ အနိုင်ကျင့်ခံနေရတဲ့ပြည်သူတွေ အားလုံးလွတ်လပ်ဖို့အတွက်

မိမိတက်နိုင်သလောက် ငွေတိုက်စာချုပ်များဝယ်ပေးကြဖို့ အနူးညွတ်တိုက်တွန်းအပ်ပါတယ်🙏❤️” ဆိုပြီး မေဦးက ရေးသားပြောပြထားတာပါ။ အမှန်တရားနဲ့ ယုံကြည်ချက်တွေအတွက် ရဲရဲဝင့်ဝင့် ရပ်တည်ရင်ဆိုင်နေတဲ့ မေဦးရဲ့ပြတ်သားတဲ့စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း လေးစားနေကြတာ ဖြစ်ပါတယ်။

Zawgyi

အိမ္နဲ႔ေဝးၿပီးအလုပ္မလုပ္ရတာ ၁၀ လေက်ာ္ရွိေပမယ့္ NUG အစိုးရရဲ႕ ေငြတိုက္စာခ်ဳပ္ဝယ္မယ္ဆိုတဲ့ ေမဦး

မိတ္ကပ္ေလာကမွာ နာမည္ႀကီးအလွဖန္တီးရွင္တစ္ေယာက္ျဖစ္တဲ့ မိတ္ကပ္ ေမဦးဟာဆိုရင္ ပရိတ္သတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို တစ္ခဲနက္အခိုင္အမာရရွိထားတာပဲျဖစ္ပါတယ္။ ေမဦးဟာဆိုရင္ အခုလက္ရွိျဖစ္ေပၚေနတဲ့အေျခအေနမွာဆို ရင္ လည္း ျပည္သူလူထုနဲ႔ တစ္သားတည္းရပ္တည္ၿပီး ေႏြဦးေတာ္လွန္ေရးတိုက္ပြဲႀကီးမွာအစြမ္းကုန္ပါဝင္ေနတာပဲျဖစ္ပါတယ္။

ေမဦးက ေဖေဖာ္ဝါရီလအစပိုင္းကတည္းကေန စတင္ခဲ့တဲ့အေျခအေနေတြမွာ ျပည္သူလူထုနဲ႔အတူ လူထုလႈပ္ရွားကို အင္တိုက္အားတိုက္ အစြမ္းကုန္ျပဳလုပ္ေနတဲ့ ေမဦးက ၅၀၅-က နဲ႔ အေရးယူျခင္းခံရတဲ့ အႏုပညာရွင္မ်ားထဲမွာေမဦး လည္း ပါဝင္လာပါတယ္။ ေမဦးကေတာ့ ၅၀၅-က ျဖင့္ အေရးယူျခင္းခံထားရေပမယ့္လည္း စစ္အာဏာရွင္ဆန႔္က်င္ေရးအလုပ္ေတြကိုလည္း တက္တက္ႂကြႂကြလုပ္ကိုင္ေနၿပီး ေႏြဦးေတာ္လွန္ေရးအတြက္ လိုအပ္သမွ်အလႉေငြေတြကို ေထာက္ပံ့ေပးေနလ်က္ရွိပါတယ္။ အခုတစ္ခါမွာလည္း ေမဦးက ေဒၚလာ 1000 တန္ ေငြတိုက္စာခ်ဳပ္ဝယ္မယ္ဆိုတဲ့အေၾကာင္းကို အခုလိုပဲေျပာလာပါတယ္။

” ေမဦးအိမ္နဲ႔ေဝးၿပီးအလုပ္မလုပ္ရတာ ၁၀ လရွိပါၿပီ

ဆုံးရႈံးနစ္နာတာေတြလည္းအမ်ားႀကီးပါ

ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈေၾကာင့္ ေမဦးကိုမွီခိုေနရသူေတြလည္း အဆင္မေျပျဖစ္ခဲ့ရပါၿပီ

ဒါေပမယ့္ ကိုယ္ရဲ႕ဆုံးရႈံးမႈထက္ မကတဲ့ ဘဝေတြေပးလိုက္ရသူေတြ အသက္ေတြေပးလိုက္ရသူေတြက သန္းနဲ႔ခ်ီရွိေနပါေသးတယ္ ။

ဒါ့ေၾကာင့္ အမွန္တရားလမ္းကိုအဆုံးထိဆက္ေလွ်ာက္ဖို႔အတြက္အဆင္မေျပတဲ့ၾကားထဲက

NUG ရဲ႕ USD ၁၀၀၀ တန္ေငြတိုက္စာခ်ဳပ္ကိုဝယ္ဖို႔ဆုံးျဖတ္ထားပါတယ္ ။

ေမဦးတို႔အပါအဝင္ စစ္ေဘးဘဝနဲ႔ဒုကၡေရာက္ေနတဲ့တိုင္းရင္းသားေတြ အိမ္ျပန္ႏိုင္ဖို႔အတြက္ အဖိႏွိပ္ခံ အႏိုင္က်င့္ခံေနရတဲ့ျပည္သူေတြ အားလုံးလြတ္လပ္ဖို႔အတြက္

မိမိတက္ႏိုင္သေလာက္ ေငြတိုက္စာခ်ဳပ္မ်ားဝယ္ေပးၾကဖို႔ အႏူးၫြတ္တိုက္တြန္းအပ္ပါတယ္🙏❤️” ဆိုၿပီး ေမဦးက ေရးသားေျပာျပထားတာပါ။ အမွန္တရားနဲ႔ ယုံၾကည္ခ်က္ေတြအတြက္ ရဲရဲဝင့္ဝင့္ ရပ္တည္ရင္ဆိုင္ေနတဲ့ ေမဦးရဲ႕ျပတ္သားတဲ့စိတ္သေဘာထားေတြကို ပရိသတ္ေတြကလည္း ေလးစားေနၾကတာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *