ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင်

ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင် အ+သတ်+ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၃ နာရီလောက်က မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တကယ်တမ်းကတော့ အသတ်ခံရတဲ့မိသားစုက ချမ်းသာတယ်။ ကျနော်တို့ ခန့်မှန်းကြည့်ရ‌သလောက်ကတော့ ပထမပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုနဲ့ အသတ်ခံရတာဖြစ်နိုင်သလို၊ နောက်တချက်က အသတ်ခံရသူမိသားစုပိုင် ငွေကြေးအမြောက်အမြားနဲ့ လက်ဝတ်ရတနာပါတွေပါ ယူတာဆိုတော့ ဓားပြတိုက်တာပဲ။ ကျနော်တို့ကတော့ ဒါကို လက်ပိုက်ကြည့်မနေနိုင်ဘူး” လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သာယာအေးကျေးရွာက သတ်ဖြတ်ခံရသူတွေဟာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်ကာ အတန်အသင့် ငွေကြေးပြည့်စုံသူတွေ ဖြစ်ကြပြီး မိသားစု ၆ ဦးရှိတဲ့အနက် အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်းနဲ့ မိ သားစုဝင်အမျိုးသမီး ၄ ယောက်တို့ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်အတွင်းက ဗီရို၊ သေတ္တာတွေ လှန်လှောကာ ရွှေ၊ ငွေ၊ နဲ့ လပ်တော့ပ်တစ်လုံး ယူသွားကြပြီး အခြားအိမ်မှာ သွားအိပ်တဲ့ မိသားစုဝင် အမျိုးသမီးတစ်ယောက်သာ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

Depeyin PDF တာဝန်ရှိသူတစ်ဦးက “အခုလို မိသားစုဝင်တွေကိုပါ သတ်ဖြတ်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်တာကတော့ လက်မခံနိုင်စရာပါ။ ကျနော်တို့ ဒီပဲယင်း PDF အနေနဲ့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

လူသတ်သမားတွေဟာ Point 22၊ တူမီး၊ ဓားတွေကို အသုံးပြုသွားတာဖြစ်ပြီး လည်ပင်းညှစ်သတ်တာ၊ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်တာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးဗိုက်ကို ဓားနဲ့ထိုးသတ်တာတွေ ပြုလုပ်သွားတာဖြစ်ပြီး အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။

အဆိုပါမိသားစုဝင် ၅ ဦး အသတ်ခံရတာဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးဘဲ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လူမှုကွန်ရက်စာမျက်နှာကနေ ကြောညာချက်ထုတ်ပြန်ထားကြပါတယ်။

အသတ်ခံရတဲ့ မိသားစုဝင် ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က သင်္ဂြိုဟ်လိုက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်မှာ အခုလို မိသားစုလိုက် သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စိုင်ပြင်မှာ ကိုအောင်နိုင်စိုးနဲ့ မစံပယ်တို့ သားဖသုံးယောက်ကို အခုလို အုပ်စုဖွဲ့ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

Zawgyi

ဒီပဲယင္းတြင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအပါအဝင္ ၅ ေလာင္းၿပိဳင္ အသတ္ခံရ

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္၊ သာယာေအးေက်း႐ြာမွာ ႏိုဝင္ဘာလ ၂၃ ရက္ေန႔ မနက္ ၃ နာရီေလာက္က ေမြးဖြားခါနီး ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးအပါအဝင္ မိသားစုဝင္ ၅ ဦး အသတ္ခံခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“တကယ္တမ္းကေတာ့ အသတ္ခံရတဲ့မိသားစုက ခ်မ္းသာတယ္။ က်ေနာ္တို႔ ခန႔္မွန္းၾကည့္ရ‌သေလာက္ကေတာ့ ပထမပုဂၢိဳလ္ေရးအရ မုန္းတီးမႈနဲ႔ အသတ္ခံရတာျဖစ္ႏိုင္သလို၊ ေနာက္တခ်က္က အသတ္ခံရသူမိသားစုပိုင္ ေငြေၾကးအေျမာက္အျမားနဲ႔ လက္ဝတ္ရတနာပါေတြပါ ယူတာဆိုေတာ့ ဓားျပတိုက္တာပဲ။ က်ေနာ္တို႔ကေတာ့ ဒါကို လက္ပိုက္ၾကည့္မေနႏိုင္ဘူး” လို႔ ေဒသခံ PDF ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

သာယာေအးေက်း႐ြာက သတ္ျဖတ္ခံရသူေတြဟာ ေအးေအးခ်မ္းခ်မ္း လုပ္ကိုင္ စားေသာက္ေနၾကသူေတြ ျဖစ္ကာ အတန္အသင့္ ေငြေၾကးျပည့္စုံသူေတြ ျဖစ္ၾကၿပီး မိသားစု ၆ ဦးရွိတဲ့အနက္ အသက္ ၅၅ ႏွစ္အ႐ြယ္ ဦးျမင့္ဝင္းနဲ႔ မိ သားစုဝင္အမ်ိဳးသမီး ၄ ေယာက္တို႔ သတ္ျဖတ္ခံခဲ့ရတာလို႔ ေဒသခံေတြက ေျပာပါတယ္။

ေနအိမ္အတြင္းက ဗီ႐ို၊ ေသတၱာေတြ လွန္ေလွာကာ ေ႐ႊ၊ ေငြ၊ နဲ႔ လပ္ေတာ့ပ္တစ္လုံး ယူသြားၾကၿပီး အျခားအိမ္မွာ သြားအိပ္တဲ့ မိသားစုဝင္ အမ်ိဳးသမီးတစ္ေယာက္သာ လြတ္ေျမာက္သြားတယ္လို႔ သိရပါတယ္။

Depeyin PDF တာဝန္ရွိသူတစ္ဦးက “အခုလို မိသားစုဝင္ေတြကိုပါ သတ္ျဖတ္တာ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို သတ္ျဖတ္တာကေတာ့ လက္မခံႏိုင္စရာပါ။ က်ေနာ္တို႔ ဒီပဲယင္း PDF အေနနဲ႔ ဒါကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ပါတယ္” လို႔ ေျပာပါတယ္။

လူသတ္သမားေတြဟာ Point 22၊ တူမီး၊ ဓားေတြကို အသုံးျပဳသြားတာျဖစ္ၿပီး လည္ပင္းညႇစ္သတ္တာ၊ ဦးေခါင္းကို ေသနတ္နဲ႔ ေတ့ပစ္တာ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဗိုက္ကို ဓားနဲ႔ထိုးသတ္တာေတြ ျပဳလုပ္သြားတာျဖစ္ၿပီး အျမန္ဆုံး စုံစမ္းေဖာ္ထုတ္အေရးယူသြားမယ္လို႔ ဆိုပါတယ္။

အဆိုပါမိသားစုဝင္ ၅ ဦး အသတ္ခံရတာဟာ ဘယ္သူ၊ ဘယ္အဖြဲ႕အစည္းက ျပဳလုပ္တယ္ဆိုတာ မသိရေသးဘဲ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြအေနနဲ႔ ျပင္းျပင္းထန္ထန္ရႈတ္ခ်ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာကေန ေၾကာညာခ်က္ထုတ္ျပန္ထားၾကပါတယ္။

အသတ္ခံရတဲ့ မိသားစုဝင္ ၅ ဦးရဲ႕ ႐ုပ္အေလာင္းကို ႏိုဝင္ဘာ ၂၃ ရက္ေန႔က သၿဂႋဳဟ္လိုက္တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ဒီပဲယင္းၿမိဳ႕နယ္မွာ အခုလို မိသားစုလိုက္ သတ္ျဖတ္ခံရမႈေတြ ဆက္တိုက္ျဖစ္ေပၚေနၿပီး ေအာက္တိုဘာ ၂၆ ရက္ေန႔ကလည္း စိုင္ျပင္မွာ ကိုေအာင္ႏိုင္စိုးနဲ႔ မစံပယ္တို႔ သားဖသုံးေယာက္ကို အခုလို အုပ္စုဖြဲ႕ သတ္ျဖတ္သြားတယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *