လိုအပ်ပါက နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဥက္ကဌပြော

လိုအပ်ပါက နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဥက္ကဌပြော

လိုအပ်ပါက နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

(နိုဝင်ဘာ ၂၆ရက်)က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ(၂၀၂၁) ဒုတိယနေ့မှာ ၎င်းက တက်ရောက်မိန့်ခွန်း ပြောကြားရမှာ ယခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ မှာ “နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်”ဟု ပြဋ္ဌာန်းထားပါတယ်။ ယင်းပြဋ္ဌာန်းချက်နဲ့ ဆက်စပ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀ပြည့်နှစ်)နဲ့ အရန်တပ်ဖွဲ့ဥပဒေ (၂၀၁၀ပြည့်နှစ်) တို့ကိုလည်း ရေးဆွဲအတည်ပြုထားပြီး ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ပြည်သူ့စစ်မှု ထမ်းဥပဒေမှာ အသက်အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်းသည် ကာလအပိုင်းအခြား အလိုက် စစ်မှုထမ်းဆောင်ရန် ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဆင့်ခေါ်ခြင်း အပါအဝင် လုပ်ထုံးလုပ်နည်းများကို ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားတာကိုတွေ့နိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

“ဒါ့အပြင် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့်ရရှိထားတဲ့ စစ်မှုထမ်းတစ်ဦး အနေနဲ့ အရန်တပ်ဖွဲ့မှာ ပါဝင်ထမ်းဆောင်နိုင်ရေး အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းထားပါတယ်။ လိုအပ်ပါက အဆိုပါဥပဒေတွေကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”လို့ ၎င်းကပြောပါတယ်။

Zawgyi

လိုအပ္ပါက ႏိုင္ငံသားတိုင္း စစ္မႈထမ္းရမယ့္ ဥပေဒကို လက္ေတြ႕လိုက္နာက်င့္သုံး ေဆာင္႐ြက္သြားမယ္လို႔ စစ္ေကာင္စီဥကၠဌေျပာ

လိုအပ္ပါက ႏိုင္ငံသားတိုင္း စစ္မႈထမ္းရမယ့္ ဥပေဒကို လက္ေတြ႕လိုက္နာက်င့္သုံး ေဆာင္႐ြက္သြားမယ္လို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။

(ႏိုဝင္ဘာ ၂၆ရက္)က က်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕ ညီလာခံ(၂၀၂၁) ဒုတိယေန႔မွာ ၎က တက္ေရာက္မိန႔္ခြန္း ေျပာၾကားရမွာ ယခုလို ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“မိမိတို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၈၆ မွာ “ႏိုင္ငံသားတိုင္းသည္ ဥပေဒ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ စစ္ပညာသင္ၾကားရန္ႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ စစ္မႈထမ္းရန္ တာဝန္ရွိသည္”ဟု ျပ႒ာန္းထားပါတယ္။ ယင္းျပ႒ာန္းခ်က္နဲ႔ ဆက္စပ္ၿပီး ျပည္သူ႔စစ္မႈထမ္းဥပေဒ (၂၀၁၀ျပည့္ႏွစ္)နဲ႔ အရန္တပ္ဖြဲ႕ဥပေဒ (၂၀၁၀ျပည့္ႏွစ္) တို႔ကိုလည္း ေရးဆြဲအတည္ျပဳထားၿပီး ျဖစ္ပါတယ္။”လို႔ ၎က ေျပာပါတယ္။

ျပည္သူ႔စစ္မႈ ထမ္းဥပေဒမွာ အသက္အ႐ြယ္ေရာက္ၿပီးတဲ့ ႏိုင္ငံသားတိုင္းသည္ ကာလအပိုင္းအျခား အလိုက္ စစ္မႈထမ္းေဆာင္ရန္ ျပ႒ာန္းထားၿပီး ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕မ်ား ဖြဲ႕စည္းျခင္း၊ ဆင့္ေခၚျခင္း အပါအဝင္ လုပ္ထုံးလုပ္နည္းမ်ားကို ျပည့္ျပည့္စုံစုံ ျပ႒ာန္းထားတာကိုေတြ႕ႏိုင္တယ္လို႔ ၎က ဆိုပါတယ္။

“ဒါ့အျပင္ စစ္မႈထမ္းျခင္းမွ ႏုတ္ထြက္ခြင့္ သို႔မဟုတ္ အၿငိမ္းစားယူခြင့္ရရွိထားတဲ့ စစ္မႈထမ္းတစ္ဦး အေနနဲ႔ အရန္တပ္ဖြဲ႕မွာ ပါဝင္ထမ္းေဆာင္ႏိုင္ေရး အရန္တပ္ဖြဲ႕ဥပေဒကို ျပ႒ာန္းထားပါတယ္။ လိုအပ္ပါက အဆိုပါဥပေဒေတြကို လက္ေတြ႕လိုက္နာ က်င့္သုံးႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။”လို႔ ၎ကေျပာပါတယ္။

Leave a Reply

Your email address will not be published.