“နိုင်ငံရေးအခြေနေမကောင်းတဲ့ကြားမှ အွန်လိုင်းမှာ ဂယက်ထသွာားတဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို တောင်းပန် လိုက်တဲ့ စည်သူဝင်း “
စည်သူဝင်းက လက်ရှိဖြစ်ပေါ်နေတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်လို့ပရိသတ်တွေကို တောင်းပန်ပါကြောင်း လူမှုကွန်ယက်ဖေ့ဘွတ်စ်မှာ ရေးသားထားပါတယ်။
“အခုဖြစ်ပေါ်နေတဲ့ ကျွန်တော့ရဲကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်ပြီး ကျွန်တော့ကိုအားပေးနေတဲ့ပရိတ်သတ်တွေ စိတ်အနှောက်အယှက်ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်။
ကဲ ကိုလည်း အပြင်ကတောင်းပန်တာလက်မခံတဲ့အတွက် ဒီကနေဘဲတောင်းပန်ပါတယ် မှားခဲ့ပါတယ် စိတ်ဒဏ်ရာရအောင်လုပ်မိခဲ့ပါတယ် ကဲနဲ့အဆင်မပြေတဲ့အချိန်မှာ
ဒီလိုကိစ္စတွေဖြစ်ခဲ့ပြီး ရပ်သင့်တဲ့အချိန်မှာ မရပ်နိုင်ခဲ့တာလည်းကို့အမှားတွေပါဘဲ ပြီးတော့ကဲကိုလိုက်နှောက်ယှက်နေတာမဟုတ်ပါဘူး တောင်းပန်စကားပြောချင်တာပါ ကို့အပစ်အတွက်ပေးဆပ်ဖို့လည်းအသင့်ပါဘဲ။
ဒီကိစ္စမှာပါဝင်နေတဲ့တစ်ဖက် မိန်းကလေးကိုလည်းတကယ်အားနာပါတယ်။အားလုံးကကျွန်တော့အပစ်ကျွန်တော့အမှားပါ အားလုံးကိုလည်းတောင်းပန်ပါတယ်။
အခုဖြစ်သွားတဲ့ကိစ္စတွေကကျွန်တော်ဘက်ကအမှားမလုပ်ဖူးဆို ဖြစ်လာမှာမဟုတ်တဲ့အတွက်ကြောင့် နောက်ထပ်ဒီလိုကိစ္စလည်းထပ်ဖြစ်စရာမရှိလောက်အောင်နောင်တလည်းရနေပါပြီ။
ပြီးတော့ဒီလိုနိုင်ငံရေးအခြေနေအဆင်မပြေတဲ့ကြားက ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတဲ့သူတစ်ယောက်ခြင်းစီကိုလည်းတောင်းပန်ပါတယ် ” ဆိုပြီးတောင်းပန်ထားပါတယ်
စည်သူဝင်းရဲ့ တောင်းပန်တာနှင့်ပတ်သတ်ပြီး ပရိတ်သတ်ကြီးရဲ့အမြင်ကိုလည်းတစ်ချက်လောက်ပြောခဲ့ပေးပါနော်..ဖတ်ရှုပေးတဲ့ပရိသတ်ကိုလည်းကျေးဇူးတင်ပါတယ်။
Zawgyi