ဗိုလ်ချုပ်သရုပ်ဆောင် မှ စစ်အာဏာရှင်ဆန့်ကျင်သူဖြစ်လာတဲ့ ကိုမြဖြိုး

ဗိုလ်ချုပ်သရုပ်ဆောင် မှ စစ်အာဏာရှင်ဆန့်ကျင်သူဖြစ်လာတဲ့ ကိုမြဖြိုး

ကျောင်းဆရာဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုမြဖြိုး အတွက် နိုင်ငံရေးဆိုတာမစိမ်း။ စစ်အာဏာသိမ်းမှုနောက်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပေမယ့်စစ်တပ်က အကြမ်းဖက်ဖြိုခွဲတာတွေလုပ်လို့ လက်နက်ကိုင်ဆန့်ကျင်ရေးနည်းလမ်းကို ရွေးခဲ့သူတွေထဲ ကိုမြဖြိုးလည်းအပါအဝင်ပါ။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ကိုမြဖြိုးကလည်း စစ်အာဏာသိမ်းမှုနောက်မှာ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တာလို့ဆိုပါတယ်။ကိုမြဖြိုးဟာ အာဏာမသိမ်းခင်က ဗိုလ်ချုပ်နေရာမှာသရုပ်ဆောင်ပြီး ( ဒါရိုက်တာလူမင်းရိုက်ကူးတဲ့အောင်ဆန်းရုပ်ရှင်မဟုတ်ပါ)

သူတို့ကိုယ်တိုင်ဖန်တီးတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဇာတ်လမ်းတို တစ်ခုလည်းရိုက်ထားခဲ့ပါသေးတယ်။သူ့ရဲ့ဇာတ်လမ်းတိုကိုတော့နိုင်ငံခြားမှာ ပြသဖို့စီစဉ်နေတာပါ။ဧရာဝတီသား ကိုမြဖြိုးရဲ့တောတွင်းလက်နက်ကိုင်မြင်ကွင်းတွေဖြစ်ပါတယ်။

Zawgyi





Leave a Reply

Your email address will not be published.