ကိုယ်တိုင်ဆွဲထားတဲ့ Limited Edition ပုံတူပန်းချီကား (၁၀) ချပ်ကို ရောင်းချပြီး လှူဒါန်းသွားမယ့် ကိုပေါက်

အရေးတော်ပုံအောင်ဖို့အတွက် ကိုယ်တိုင်ဆွဲထားတဲ့ Limited Edition ပုံတူပန်းချီကား (၁၀) ချပ်ကို ရောင်းချပြီး လှူဒါန်းသွားမယ့် ကိုပေါက်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖေဖော်ဝါရီလအစထဲက နွေဦးတော်လှန်ရေးဟာ အခုဆိုရင် (၁၀) လကျော်ကြာ ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်သူလူထုက ဇွဲမလျော့ဘဲ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီ တွန်းလှန်နေဆဲပဲ ဖြစ်ပါတယ်။ အဲ့လိုအားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ထဲတဲ့အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်လဲအပါအဝင်ပါပဲ။

ကိုပေါက်က တော်လှန်ရေးစတင်ထဲက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီး ၅၀၅ (က) နဲ့အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ လွတ်မြောက်မြေတစ်နေရာကို ရောက်ရှိနေပြီး ကျရာတာဝန်ကို ထမ်းဆောင်ကာ တော်လှန်ရေးကို ဆက်လက်ပါဝင်နေသူဖြစ်ပါတယ်။ သူရဲ့ လူမှုကွန်ယက်ကနေ အမြဲ speakout လုပ်ပေးနေသလို ရဲဘော်တွေစားဖို့ ချက်ပြုတ်ပြီး အိုးသူကြီးလုပ်ပေးနေသူလဲဖြစ်ပါတယ်

အခုတစ်ခါမှာလည်း ကိုယ်တိုင်ရေးဆွဲပေးထားတဲ့ Limited Edition ပုံတူပန်းချီကား (၁၀) ချပ်ကိုရောင်းချပြီးအရေးတော်ပုံအ တွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ “နွေဦး အထောက်အပံ့သူရဲကောင်း limited edition

ပန်းချီကားကြီး (၁၀) ချပ်။

အနုပညာနဲ့ပတ်သက်တာပဲ လုပ်တတ်တာ

ကျနောအားနည်းချက်ပေါ့။

ကျနော် ကိုယ်တိုင်ရေးဆွဲပေးသော limited edition ပုံတူပန်းချီကားကြီး၁၀ချပ်ကို အရေးတော်ပုံကြီးအမြန်ဆုံးပြီးမြောက်စေလိုရန် ထပ်တူညီသောဆန္ဒများဖြင့် လှူဒါန်းအားပေးခဲ့ကြသော အလှူရှင်များ၏ကျေးဇူးကြောင့်၅ရက်အတွင်းမှာပဲရောင်းကုန်သွားခဲ့ပါတယ်။

ယခုလိုမျိုး ယုံယုံကြည်ကြည်ဖြင့်ဝယ်ယူပြီး လှူဒါန်းပေးခဲ့ကြသောအလှူရှင်များနှင့် ပွဲဖြစ်မြောက်ရေးအတွက်ကြိုးစားခဲ့သော ဂျပန်နိုင်ငံရောက် ညီမလေး မေဘရဏီကိုလည်းအထူးပင်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ပန်းချီကားများလည်း စ ပြီးရေးနေပါပြီ။ပုံပို့ရန်ကျန်သော အလှူရှင်များ ပို့ပေးကြပါအုံးနော်။

#အရေးတော်ပုံ အောင်တော့မည်။” ဆိုပြီး သူလူမှု့ကွန်ယက်မှာ ရေးသားထားမှာ ဖြစ်ပါတယ်။

Zawgyi

အေရးေတာ္ပုံေအာင္ဖို႔အတြက္ ကိုယ္တိုင္္ဆြဲထားတဲ့ Limited Edition ပုံတူပန္းခ်ီကား (၁၀) ခ်ပ္ကို ေရာင္းခ်ၿပီး လႉဒါန္းသြားမယ့္ ကိုေပါက္

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ေဖေဖာ္ဝါရီလအစထဲက ေႏြဦးေတာ္လွန္ေရးဟာ အခုဆိုရင္ (၁၀) လေက်ာ္ၾကာ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း ျပည္သူလူထုက ဇြဲမေလ်ာ့ဘဲ တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္ကူညီ တြန္းလွန္ေနဆဲပဲ ျဖစ္ပါတယ္။ အဲ့လိုအားႀကိဳးမာန္တက္ ပါဝင္ေဆာင္႐ြက္ထဲတဲ့အႏုပညာရွင္ေတြထဲမွာ ဒါ႐ိုက္တာကိုေပါက္လဲအပါအဝင္ပါပဲ။

ကိုေပါက္က ေတာ္လွန္ေရးစတင္ထဲက လမ္းေပၚထြက္ ဆႏၵျပမႈေတြျပဳလုပ္ခဲ့ၿပီး ၅၀၅ (က) နဲ႔အမႈဖြင့္ခံထားရသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လြတ္ေျမာက္ေျမတစ္ေနရာကို ေရာက္ရွိေနၿပီး က်ရာတာဝန္ကိို ထမ္းေဆာင္ကာ ေတာ္လွန္ေရးကို ဆက္လက္ပါဝင္ေနသူျဖစ္ပါတယ္။ သူရဲ႕ လူမႈကြန္ယက္ကေန အၿမဲ speakout လုပ္ေပးေနသလို ရဲေဘာ္ေတြစားဖို႔ ခ်က္ျပဳတ္ၿပီး အိုးသူႀကီးလုပ္ေပးေနသူလဲျဖစ္ပါတယ္

အခုတစ္ခါမွာလည္း ကိုယ္တိုင္ေရးဆြဲေပးထားတဲ့ Limited Edition ပုံတူပန္းခ်ီကား (၁၀) ခ်ပ္ကိုေရာင္းခ်ၿပီးအေရးေတာ္ပုံအ တြက္ လႉဒါန္းသြားမွာ ျဖစ္ပါတယ္။ “ေႏြဦး အေထာက္အပံ့သူရဲေကာင္း limited edition

ပန္းခ်ီကားႀကီး (၁၀) ခ်ပ္။

အႏုပညာနဲ႔ပတ္သက္တာပဲ လုပ္တတ္တာ

က်ေနာအားနည္းခ်က္ေပါ့။

က်ေနာ္ ကိုယ္တိုင္ေရးဆြဲေပးေသာ limited edition ပုံတူပန္းခ်ိီကားႀကီး၁၀ခ်ပ္ကို အေရးေတာ္ပုံႀကီးအျမန္ဆုံးၿပီးေျမာက္ေစလိုရန္ ထပ္တူညီေသာဆႏၵမ်ားျဖင့္ လႉဒါန္းအားေပးခဲ့ၾကေသာ အလႉရွင္မ်ား၏ေက်းဇူးေၾကာင့္၅ရက္အတြင္းမွာပဲေရာင္းကုန္သြားခဲ့ပါတယ္။

ယခုလိုမ်ိဳး ယုံယုံၾကည္ၾကည္ျဖင့္ဝယ္ယူၿပီး လႉဒါန္းေပးခဲ့ၾကေသာအလႉရွင္မ်ားႏွင့္ ပြဲျဖစ္ေျမာက္ေရးအတြက္ႀကိဳးစားခဲ့ေသာ ဂ်ပန္ႏိုင္ငံေရာက္ ညီမေလး ေမဘရဏီကိုလည္းအထူးပင္လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ပါတယ္။

ပန္းခ်ီကားမ်ားလည္း စ ၿပီးေရးေနပါၿပီ။ပုံပို႔ရန္က်န္ေသာ အလႉရွင္မ်ား ပို႔ေပးၾကပါအုံးေနာ္။

#အေရးေတာ္ပုံ ေအာင္ေတာ့မည္။” ဆိုၿပီး သူလူမႈ႕ကြန္ယက္မွာ ေရးသားထားမွာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.