ဂျပန်နိုင်ငံ တိုကျိုမြို့ကုလသမဂ္ဂ တက္ကသိုလ် ရုံးချုပ်ရှေ့ မြန်မာလူမျိူးများ အစာငတ်ခံဆန္ဒပြ
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ် ကုလသမဂ္ဂက အနေနဲ့ ကြညာချက်တွေပဲ ထုတ်နေမယ့်အစား
လက်တွေ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါ ဆိုပြီး ဂျပန်နိုင်ငံရောက် မြန်မာ ၂၅ ယောက်က တိုကျိုမြို့၊
ကုလသမဂ္ဂ တက္ကသိုလ် ရုံးချုပ်ရှေ့မှာ ၄၈ နာရီကြာ အစာငတ်ခံ ဆန္ဒပြနေ ကြပါတယ်။
ကုလသမဂ္ဂ အတွက် ပညာရပ်ပိုင်းနဲ့ သုတေသန ဆိုင်ရာ လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်း ဌာနကြီးဟာ ကုလတက္ကသိုလ်လို့
မည်တွင်ပြီး ဌာနချုပ်က ဂျပန်နိုင်ငံ မြို့တော် တိုကျိုရဲ့ အထင်ကရ ရှီဘုယ အရပ်မှာ ရှိတာ ဖြစ်ပါတယ်။
ဒေသစံချိန် စနေ မနက် ၈ နာရီက စတင်တဲ့ အစာငတ်ခံ ဆန္ဒပြပွဲဟာ တနင်္လာနေ့ မနက် ၈ နာရီမှာ ပြီးဆုံးမှာပါ။
အစာငတ်ခံ ဆန္ဒပြတာအပြင် မြန်မာ နိုင်ငံသား ၃၀၀ ကျော်က ကုလတက္ကသိုလ် ရုံးချုပ်ရှေ့မှာပဲ ဆန္ဒပြ
တောင်းဆိုတာတွေ၊ ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်တာတွေ ပြုလုပ်ခဲ့ကြသလို၊ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေနဲ့
ခရစ်ယာန် ဘုန်းတော်ကြီးတွေကလည်း အန္တရာယ်ကင်း တရားတော်တွေ ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာ
ပို့ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
ဓာတ်ပုံ – မသီရိသစ္စာ
Zawgyi
ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ကုလသမဂၢ တကၠသိုလ္ ႐ုံးခ်ဳပ္ေရွ႕ ျမန္မာလူမ်ိဴးမ်ား အစာငတ္ခံဆႏၵျပ
ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြ အေပၚ ကုလသမဂၢက အေနနဲ႔ ၾကညာခ်က္ေတြပဲ ထုတ္ေနမယ့္အစား
လက္ေတြ႕ အျမန္ဆုံး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးပါ ဆိုၿပီး ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာ ၂၅ ေယာက္က တိုက်ိဳၿမိဳ႕၊
ကုလသမဂၢ တကၠသိုလ္ ႐ုံးခ်ဳပ္ေရွ႕မွာ ၄၈ နာရီၾကာ အစာငတ္ခံ ဆႏၵျပေန ၾကပါတယ္။
ကုလသမဂၢ အတြက္ ပညာရပ္ပိုင္းနဲ႔ သုေတသန ဆိုင္ရာ လုပ္ငန္းေတြ လုပ္ေနတဲ့ အဖြဲ႕အစည္း ဌာနႀကီးဟာ ကုလတကၠသိုလ္လို႔
မည္တြင္ၿပီး ဌာနခ်ဳပ္က ဂ်ပန္ႏိုင္ငံ ၿမိဳ႕ေတာ္ တိုက်ိဳရဲ႕ အထင္ကရ ရွီဘုယ အရပ္မွာ ရွိတာ ျဖစ္ပါတယ္။
ေဒသစံခ်ိန္ စေန မနက္ ၈ နာရီက စတင္တဲ့ အစာငတ္ခံ ဆႏၵျပပြဲဟာ တနလၤာေန႔ မနက္ ၈ နာရီမွာ ၿပီးဆုံးမွာပါ။
အစာငတ္ခံ ဆႏၵျပတာအျပင္ ျမန္မာ ႏိုင္ငံသား ၃၀၀ ေက်ာ္က ကုလတကၠသိုလ္ ႐ုံးခ်ဳပ္ေရွ႕မွာပဲ ဆႏၵျပ
ေတာင္းဆိုတာေတြ၊ ပရိတ္တရားေတာ္ ႐ြတ္ဖတ္ ပူေဇာ္တာေတြ ျပဳလုပ္ခဲ့ၾကသလို၊ ဗုဒၵဘာသာ ဘုန္းေတာ္ႀကီးေတြနဲ႔
ခရစ္ယာန္ ဘုန္းေတာ္ႀကီးေတြကလည္း အႏၲရာယ္ကင္း တရားေတာ္ေတြ ႐ြတ္ဖတ္ၿပီး ဆုေတာင္းေမတၱာ
ပို႔ခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူေတြက ေျပာပါတယ္။