လူမှုတရားမျှတမှုသူရဲကောင်းဆုကို လက်ခံရရှိခဲ့တဲ့ မြန်မာနိုင်ငံက CDM လုပ်ဆောင်သူဆရာဝန်နှစ်ဦး

အာရှပစိဖိတ်ဆိုင်ရာဆုဖြစ်တဲ့ လူမှုတရားမျှတမှုသူရဲကောင်းဆုကို လက်ခံရရှိခဲ့တဲ့ မြန်မာနိုင်ငံက CDM လုပ်ဆောင်သူဆရာဝန်နှစ်ဦး

အာရှပစိဖိတ်ဒေသဆိုင်ရာဆုတစ်ဆုဖြစ်တဲ့ လူမှုတရားမျှတမှုသူရဲကောင်းဆု ( Social Justice Hero Award ) ကို နိုင်ငံတကာမှာ ရရှိလိုသူတွေအင်မတန်များပြားတဲ့အထဲကမှ မြန်မာနိုင်ငံက လက်ခံရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီဆုကို ရရှိသွားတဲ့ သူတွေကတော့ CDM လုပ်ထားခဲ့ကြကာ တိုက်ပွဲဝင်နေကြတဲ့ ဒေါက်တာပြည့်ဖြိုးကျော် နှင့် ဒေါက်တာရွှေရိုး အမည်ရှိ ပြည်သူ့ဆရာဝန်နှစ်ဦး ပဲဖြစ်ပါတယ်။

ထိုဆရာဝန်နှစ်ဦးဟာ လက်ရှိမှာတော့ သူတို့တတ်ကျွမ်းထားကြတဲ့ ပညာနဲ့ ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ ဒုက္ခခံကာ ပြည်သူများကို တာဝန်ယူဆေးကုသပေးနေကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးလုံးရဲ့ လုပ်ဆောင်မှုတွေဟာ အကျိုးရယူလိုစိတ်လုံးဝမရှိပဲ အင်မတန် ကြိုးစားဆောင်ရွက်နေတာကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

ထိုဆရာဝန်နှစ်ဦးအနေနဲ့လည်း ဆုကို Online မှတဆင့် လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားကိုလည်း လွတ်မြောက်နယ်မြေရှိ သက်ကယ်တောထဲမှ ပြောဆိုခဲ့ရတာဖြစ်ပါတယ်။သူတို့အနေနဲ့လည်း ဒီဆုကိုရရှိခဲ့တာဟာ သူတို့ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေမှာ တကယ်ကို အင်အားအကြီးမားဆုံးဖြစ်စေခဲ့ပါတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် သူတို့ဟာ လက်ရှိမှာ မြန်မာပြည်သူတွေအနေနဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေကို ပြောပြခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါသေးတယ်။ဆုလက်ခံရရှိခဲ့တဲ့ ဗီဒီယို အစအဆုံးကိုလည်း ပရိတ်သတ်တွေကြည့်ရှုနိုင်အောင်ဖော်ပြပေးလိုက်ရပါတယ်။

Zawgyi

အာရွပစိဖိတ္ဆိုင္ရာဆုျဖစ္တဲ့ လူမႈတရားမွ်တမႈသူရဲေကာင္းဆုကို လက္ခံရရွိခဲ့တဲ့ ျမန္မာနိုင္ငံက CDM လုပ္ေဆာင္သူဆရာဝန္ႏွစ္ဦး

အာရွပစိဖိတ္ေဒသဆိုင္ရာဆုတစ္ဆုျဖစ္တဲ့ လူမႈတရားမွ်တမႈသူရဲေကာင္းဆု ( Social Justice Hero Award ) ကို နိုင္ငံတကာမွာ ရရွိလိုသူေတြအင္မတန္မ်ားျပားတဲ့အထဲကမွ ျမန္မာနိုင္ငံက လက္ခံရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ဒီဆုကို ရရွိသြားတဲ့ သူေတြကေတာ့ CDM လုပ္ထားခဲ့ၾကကာ တိုက္ပြဲဝင္ေနၾကတဲ့ ေဒါက္တာျပည့္ၿဖိဳးေက်ာ္ ႏွင့္ ေဒါက္တာေ႐ႊရိုး အမည္ရွိ ျပည္သူ႕ဆရာဝန္ႏွစ္ဦး ပဲျဖစ္ပါတယ္။

ထိုဆရာဝန္ႏွစ္ဦးဟာ လက္ရွိမွာေတာ့ သူတို႔တတ္ကြၽမ္းထားၾကတဲ့ ပညာနဲ႕ ေဝးလံေခါင္ဖ်ားတဲ့အရပ္ေဒသမွာရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြနဲ႕အတူ ဒုကၡခံကာ ျပည္သူမ်ားကို တာဝန္ယူေဆးကုသေပးေနၾကတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးလုံးရဲ႕ လုပ္ေဆာင္မႈေတြဟာ အက်ိဳးရယူလိုစိတ္လုံးဝမရွိပဲ အင္မတန္ ႀကိဳးစားေဆာင္႐ြက္ေနတာေၾကာင့္ ဒီဆုကိုရရွိခဲ့တာျဖစ္ပါတယ္။

ထိုဆရာဝန္ႏွစ္ဦးအေနနဲ႕လည္း ဆုကို Online မွတဆင့္ လက္ခံရယူခဲ့ၿပီး ေက်းဇူးတင္စကားကိုလည္း လြတ္ေျမာက္နယ္ေျမရွိ သက္ကယ္ေတာထဲမွ ေျပာဆိုခဲ့ရတာျဖစ္ပါတယ္။သူတို႔အေနနဲ႕လည္း ဒီဆုကိုရရွိခဲ့တာဟာ သူတို႔ေရွ႕ဆက္လုပ္ေဆာင္ရမယ့္ ကိစၥေတြမွာ တကယ္ကို အင္အားအႀကီးမားဆုံးျဖစ္ေစခဲ့ပါတယ္လို႔လည္းဆိုပါတယ္။

ဒါ့အျပင္ သူတို႔ဟာ လက္ရွိမွာ ျမန္မာျပည္သူေတြအေနနဲ႕ႀကဳံေတြ႕ေနရတဲ့ျပႆနာေတြကို ေျပာျပခြင့္ရတဲ့အတြက္ အလြန္ဝမ္းေျမာက္ေၾကာင္းေျပာၾကားခဲ့ပါေသးတယ္။ဆုလက္ခံရရွိခဲ့တဲ့ ဗီဒီယို အစအဆုံးကိုလည္း ပရိတ္သတ္ေတြၾကည့္ရႈနိုင္ေအာင္ေဖာ္ျပေပးလိုက္ရပါတယ္။

Leave a Reply

Your email address will not be published.