ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြစ်ဒဏ်တစ်ဝက်လျှော့ဖို့ စစ်ကောင်စီဥက္ကဋ္ဌ အမိန့်ထုတ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြစ်ဒဏ်တစ်ဝက်လျှော့ဖို့ စစ်ကောင်စီဥက္ကဋ္ဌ အမိန့်ထုတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ဒီနေ့မနက်က နေပြည်တော် အထူးတရားရုံးကနေ ထောင်ဒဏ်လေးနှစ်စီ အမိန့်ချလိုက်တဲ့အမိန့်ကို ထက်ဝက်သာကျခံဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ည အမိန့်ထုတ်လိုက်ပါတယ်။

အဲဒီအမိန့်ကတော့ ဒီနေ့မနက်က ချမှတ်လိုက်တဲ့ ထောင်ဒဏ်လေးနှစ်အမိန့်ကို ထောင်ဒဏ်တစ်ဝက်သာ ကျခံဖို့နဲ့ ကျန်တဲ့ထောင်ဒဏ်တွေကိုလည်း လက်ရှိနေအိမ်တွေမှာပဲကျခံဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒီနေ့ည ၈ နာရီက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV သတင်းမှာ ကြေညာခဲ့တာပါ။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ထောင်ဒဏ်နှစ်နှစ်ကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တဲ့သဘောဖြစ်တယ်လို့ ပြောပါတယ်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်မှာ တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်လေးနှစ်အနက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ထောင်ဒဏ် နှစ်နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ကျခံရန်ကျန်ရှိတဲ့ ထောင်ဒဏ် နှစ်နှစ်ကို လက်ရှိ ထိန်းသိမ်းထားတဲ့နေရာမှာပဲ ကျခံစေရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်”

ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် သီးသန့်တရားရုံးက ဒီနေ့ ချမှတ်လိုက်တဲ့အမိန့်ကို သူတို့တွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ဆဲဥပဒေနဲ့အညီ လိုက်နာရမှာဖြစ်ပေမယ့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်ဝက်သာကျခံဖို့ လျှော့ပေါ့ပေးလိုက်တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ပါတယ်။

လက်ရှိမှာ အသက် ၇၆ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲထားတဲ့အမှုပေါင်း ၁၁ မှုထဲက ကိုဗစ်ကာလ သတ်မှတ်ချက်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ – ၂၅ ကို ချိုးဖောက်တဲ့အတွက်ဆိုပြီး ထောင်ဒဏ် နှစ်နှစ်၊ အများပြည်သူအကျိုးကို ပျက်စီးစေမှုဆိုတဲ့ ပုဒ်မ – ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ် လေးနှစ် သီးခြားစီကျခံဖို့ ပထမဆုံးအနေနဲ့ ချလိုက်တာပါ။

အလားတူ သမ္မတ ဦးဝင်းမြင့် ကိုလည်း အဲဒီပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ်လေးနှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာပါ။

အခုလို အမှုနှစ်မှုအတွက် ထောင်ဒဏ်တချို့ လျော့ပေါ့ပေးလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေပုဒ်မ အပါအဝင် စုစုပေါင်း ၁၁ မှုနဲ့ တရားစွဲခံနေရတာ ဖြစ်ပါတယ်။

အဲဒီအပြင် ရွေးကောက်ပွဲ မသမာမှုနဲ့ အဂတိလိုက်စားမှု တစ်ခုထပ်တိုးထားတဲ့အတွက် စုစုပေါင်း ၁၃ မှုအထိရှိနေပြီး အဲဒီအမှုတွေ အကုန်လုံးကိုသာ တစ်မှုချင်းအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေချခဲ့မယ်ဆိုရင် သူဟာ စုစုပေါင်း ထောင်ဒဏ် အနှစ် ၁၀၀ ကျော်ချမှတ်ခံရမှာဖြစ်ပါတယ်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ကို ျပစ္ဒဏ္တစ္ဝက္ေလွ်ာ့ဖို႔ စစ္ေကာင္စီဥကၠ႒ အမိန္႔ထုတ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ကို ဒီေန႔မနက္က ေနျပည္ေတာ္ အထူးတရား႐ုံးကေန ေထာင္ဒဏ္ေလးႏွစ္စီ အမိန္႔ခ်လိုက္တဲ့အမိန္႔ကို ထက္ဝက္သာက်ခံဖို႔ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဒီေန႔ည အမိန္႔ထုတ္လိုက္ပါတယ္။

အဲဒီအမိန္႔ကေတာ့ ဒီေန႔မနက္က ခ်မွတ္လိုက္တဲ့ ေထာင္ဒဏ္ေလးႏွစ္အမိန္႔ကို ေထာင္ဒဏ္တစ္ဝက္သာ က်ခံဖို႔နဲ႔ က်န္တဲ့ေထာင္ဒဏ္ေတြကိုလည္း လက္ရွိေနအိမ္ေတြမွာပဲက်ခံဖို႔ အမိန္႔ထုတ္ျပန္လိုက္တယ္လို႔ ဒီေန႔ည ၈ နာရီက စစ္ေကာင္စီထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့႐ုပ္ျမင္သံၾကား MRTV သတင္းမွာ ေၾကညာခဲ့တာပါ။

စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ေထာင္ဒဏ္ႏွစ္ႏွစ္ကို လြတ္ၿငိမ္းသက္သာခြင့္ ျပဳလိုက္တဲ့သေဘာျဖစ္တယ္လို႔ ေျပာပါတယ္။

“ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ အေနနဲ႔ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚမွာ တရား႐ုံးက ခ်မွတ္ခဲ့တဲ့ ေထာင္ဒဏ္ေလးႏွစ္အနက္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ ၁ အရ ေထာင္ဒဏ္ ႏွစ္ႏွစ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳတယ္။ ရာဇဝတ္က်င့္ထုံး ဥပေဒ ပုဒ္မ ၅၄၁၊ ပုဒ္မခြဲ ၁ အရ က်ခံရန္က်န္ရွိတဲ့ ေထာင္ဒဏ္ ႏွစ္ႏွစ္ကို လက္ရွိ ထိန္းသိမ္းထားတဲ့ေနရာမွာပဲ က်ခံေစရန္ အမိန္႔ထုတ္ျပန္ခဲ့ပါတယ္”

ျပည္ေထာင္စုနယ္ေျမ ဇမၺဴသီရိၿမိဳ႕နယ္ သီးသန္႔တရား႐ုံးက ဒီေန႔ ခ်မွတ္လိုက္တဲ့အမိန္႔ကို သူတို႔ေတြအေနနဲ႔ တရားဥပေဒ စိုးမိုးေရးနဲ႔ တည္ဆဲဥပေဒနဲ႔အညီ လိုက္နာရမွာျဖစ္ေပမယ့္ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တစ္ဝက္သာက်ခံဖို႔ ေလွ်ာ့ေပါ့ေပးလိုက္တာျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ ပါတယ္။

လက္ရွိမွာ အသက္ ၇၆ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက စြဲထားတဲ့အမႈေပါင္း ၁၁ မႈထဲက ကိုဗစ္ကာလ သတ္မွတ္ခ်က္ျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ – ၂၅ ကို ခ်ိဳးေဖာက္တဲ့အတြက္ဆိုၿပီး ေထာင္ဒဏ္ ႏွစ္ႏွစ္၊ အမ်ားျပည္သူအက်ိဳးကို ပ်က္စီးေစမႈဆိုတဲ့ ပုဒ္မ – ၅၀၅ (ခ) အတြက္ ေထာင္ဒဏ္ ႏွစ္ႏွစ္၊ စုစုေပါင္း ေထာင္ဒဏ္ ေလးႏွစ္ သီးျခားစီက်ခံဖို႔ ပထမဆုံးအေနနဲ႔ ခ်လိုက္တာပါ။

အလားတူ သမၼတ ဦးဝင္းျမင့္ ကိုလည္း အဲဒီပုဒ္မ ႏွစ္ခုအတြက္ ေထာင္ဒဏ္ေလးႏွစ္က်ခံဖို႔ အမိန္႔ခ်မွတ္ခဲ့တာပါ။

အခုလို အမႈႏွစ္အတြက္ ေထာင္ဒဏ္တခ်ိဳ႕ ေလ်ာ့ေပါ့ေပးလိုက္ေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္ခံရႏိုင္တဲ့ အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒပုဒ္မနဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ ေရး ဥပေဒပုဒ္မ အပါအဝင္ စုစုေပါင္း ၁၁ မႈနဲ႔ တရားစြဲခံေနရတာ ျဖစ္ပါတယ္။

အဲဒီအျပင္ ေ႐ြးေကာက္ပြဲ မသမာမႈနဲ႔ အဂတိလိုက္စားမႈ တစ္ခုထပ္တိုးထားတဲ့အတြက္ စုစုေပါင္း ၁၃ မႈအထိရွိေနၿပီး အဲဒီအမႈေတြ အကုန္လုံးကိုသာ တစ္မႈခ်င္းအလိုက္ သတ္မွတ္ထားတဲ့ အျမင့္ဆုံး ျပစ္ဒဏ္ေတြခ်ခဲ့မယ္ဆိုရင္ သူဟာ စုစုေပါင္း ေထာင္ဒဏ္ အႏွစ္ ၁၀၀ ေက်ာ္ခ်မွတ္ခံရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.