အစားထိုးလို့ မရလောက်အောင် သိပ်ချစ်ရတဲ့ ချစ်သူလေးအတွက် တန်ဖိုးရှိလှတဲ့ စကားလုံးများဖြင့် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နန်းဆုရတီစိုး

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ နှစ်တွေ ဘယ်လောက်ပဲပြောင်းပြောင်း အမြဲတမ်းကို နုပျိုလှပနေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမရဲ့ အလှတရားတွေကလည်း မြင်သူတိုင်းကို အားကျငေးမောရလောက်အောင် ဆွဲဆောင်ထားနိုင်တာ ဖြစ်ပါတယ်။

နန်းဆုရဲ့ အချစ်ရေးကလည်း လက်ရှိမှာ တည်ငြိမ်လျက် ရှိပါတယ်သူမဟာ အခုလက်ရှိ တွဲနေတဲ့ ချစ်သူလေးကို အရမ်းကို ချစ်နေတာ ဖြစ်ပါတယ်။ ချစ်သူလေးရဲ့ ဂရုစိုက်မှုတွေကြောင့်လည်း နန်းဆုတစ်ယောက် နေ့ရက်တိုင်း  ကြည်နူးပျော်ရွှင်နေရတာ ဖြစ်ပါတယ်။

မကြာသေးခင်က နန်းဆုရတီစိုးရဲ့ Facebook Story မှာ စာလေးတစ်ချို့ ရေးသားထားတာ ဖြစ်ပါတယ်။ဒါကတော့ အစားထိုးလို့ မရလောက်အောင် သိပ်ချစ်ရတဲ့ ချစ်သူလေးအတွက် တန်ဖိုးရှိလှတဲ့ စကားလုံးများဖြင့်မွေးနေ့ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။

အနားမှာ လိုလေသေးမရှိ အမြဲ ဂရုစိုက်ပေးတဲ့အတွက်လည်း သိပ်ကိုကျေးဇူးတင်ကြောင်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.