သူမ ဘဝထဲကနေ ထာဝရခွဲခွာသွားတဲ့ ချစ်ခင်ပွန်းအတွက် နေ့စဉ်မပြတ် အလှူအတန်းတွေလုပ်ရင်း အမျှပေးဝေနေတဲ့ ရွှေရည်သိန်းတန်

သူမ ဘဝထဲကနေ ထာဝရခွဲခွာသွားတဲ့ ချစ်ခင်ပွန်းအတွက် နေ့စဉ်မပြတ် အလှူအတန်းတွေလုပ်ရင်း အမျှပေးဝေနေတဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းကတော့ ကိုဗစ်ရောဂါဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ရွှေရည်သိန်းတန်ကတော့ ခင်ပွန်းဖြစ်သူကို တစ်နေ့မှ မေ့မရဘဲ အောက်မေ့သတိရနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမရဲ့ဘေးကနေ ထာဝရခွဲခွာသွားတဲ့ ချစ်ခင်ပွန်းအတွက် နေ့စဉ်မပြတ် အလှူအတန်းတွေလုပ်ရင်းအမျှပေးဝေနေကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ” ယနေ့.ဓါတ်ကြီးလေးပါးဆွမ်းကုသိုလ်ပါဘုရား..

ဓာတ်ကြီးလေးပါးအစွမ်းဖြစ်သော

မည်သူဖျက်၍မှမယိုင်လဲတတ်သောစိတ်အစွမ်းသတ္တိဖြင့်

သာသနာအထောက်အပံ့ပြုရပါလို၏ဘုရား🙏🙏🙏🥰

ထပ်တူရကြပါစေချစ်ရ ေသာအမျိုးတို့ရေ🙏🙏🙏

ကမ္ဘာသူကမ္ဘာသားအ​ပေါင်း​..မြန်မာပြည်သူပြည်သားအ​ပေါင်း..ဘေးဆိုး..ကပ်​ရောဂါဆိုးအ​ပေါင်းကိုမကြားရ.မသိရ.မကြုံ​တွေ့ရ​သောဘဝဖြင့်အမြန်ဆုံးလွတ်​မြောက်ကြပါ​စေ🙏🙏🙏

ဤနေ့သည်…ဗုဒ္ဓဟူးနေ့ဖြစ်ပါသောကြောင့်..ဗုဒ္ဓဟူး

ဂြိုလ်မင်းကြီးနှင့်တကွ..ဗုဒ္ဓဟူးသားသမီးအပေါင်း

တို့၏ကိုယ်စား​သော်လည်း​ကောင်း. .. ပဌာန်းကျမ်းတော်မြတ်၅ကျမ်းအားရွတ်ပွါးပူဇော်၍လည်းကောင်း..သံ​ဗု​ဒ္ဓေ၉၀၀၀၀.. သရဏဂံု ၉၀၀၀၀.ရက် ၉၀ အဓိဌာန်ဖြင့်၎င်း.မဟာ​ဝေဒဗ္ဗရတနာမဏ္ဏာန်နှင့် ပထဝီဇယမဏ္ဏာန်​တော်မြတ်ကို ရက်၉၀အဓိဌာန်ဖြင့်၎င်း.

မေတ္တာသုတ်ပရိတ်တော်မြတ်ကိုနေ့စဉ်..၁၀၈ ကြိမ် တိတိရွတ်ပွါးပူဇော်ပါ၏..

ဤကောင်းမှုကြောင့်..ဗုဒ္ဓဟူး,ရာဟု

ဂြိုလ်မင်းကြီးနှင့်တကွ..ဗုဒ္ဓဟူး,ရာဟုသားသမီးအပေါင်းသူတော်ကောင်းတို့သည်၎င်း..ဗုဒ္ဓဟူး,ရာဟုနေ့ဖွားအနုပညာရှင်အပေါင်းသူတော်ကောင်းတို့သည်၎င်း..ဗုဒ္ဓဟူး,ရာဟုနေ့ဖွားရတနာလုပ်ငန်းဖြင့်အသက်မွေးကြသူ..ဝတ်ဆင်ကြသူအပေါင်းတို့သည်၎င်း.ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ..

ဒေါသခပ်သိမ်းငြိမ်းကြပါစေ..

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ…

နှလုံးစိတ်ဝမ်းအေးချမ်းကြ၍..လူအချင်းချင်း..လှည့်ပတ်ခြင်း..အထင်သေးခြင်း..ဆင်းရဲစေလိုခြင်း..

ကင်းကြပါစေရှင်.

ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ🙏🙏🙏

ဘုရားဒကာကြီးကိုနေလသည်လည်း.ထပ်တူရ၍ ကောင်းမွန်မြင့်မြတ်သော.ဘဝမှာ အပြည့်စုံဆုံးအေးချမ်းပါစေဘုရား..🙏🙏🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.