တောထဲမှာ နေရတာအဆင်မပြေတော့တဲ့အတွက် ပြည်ပနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပုံလေးတစ်ပုံဖြင့် သက်သေပြလိုက်တဲ့ ဟန်လင်း

ပရိသတ်ကြီးရေ မော်ဒယ် ဟန်လင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုအသီးအပွင့်တွေ စတင်ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စစ်အာဏာရှင်တွေရဲ့ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခြင်း ခံခဲ့ရပါတယ်။

အချိန်အတော်ကြာတဲ့အထိ လွတ်မြောက်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့တာလည်း ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ နေထိုင်စဉ်အတွင်း သူ့ရဲ့ အတွေ့အကြုံတွေကိုလည်း ပြည်သူတွေ သိရှိရအောင် အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဟန်လင်းရဲ့ Instagram လူမှုကွန်ရက်တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့  တောထဲမှာ နေရတာအဆင်မပြေတော့တဲ့အတွက် ပြည်ပနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပုံလေးတစ်ပုံဖြင့် သက်သေပြလိုက်တာ ဖြစ်ပါတယ်။ ဟန်လင်းကလည်း အိမ်ကို အရမ်းလွမ်းနေတဲ့အကြောင်း ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.