ချစ်သူကောင်လေးရဲ့ မျက်နှာကို ထုတ်မပြသေးတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို ဖွင့်ဟပြောပြလိုက်တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ သရုပ်ဆောင် မြတ်သူသူကတော့ ချစ်ရသူလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတကွ လျှေက်လှမ်းနေတာ ဖြစ်ပါတယ်။ သူမစိတ်တိုင်းကျ ဖြည့်ဆည်းပေးတဲ့ ချစ်သူကို ရရှိပိုင်ဆိုင်ထားတဲ့အတွက် မြတ်သူသူတစ်ယောက် အရမ်းကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က မြတ်သူသူရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ချစ်သူကောင်လေးရဲ့ မျက်နှာကို ထုတ်မပြသေးတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို ဖွင့်ဟပြောပြလိုက်တာ ဖြစ်ပါတယ်။”ကိုယ့်ဘာသာ နှစ်သစ်မှာ Profile လေးချိန်းမိပါတယ်လိုသူတွေရော မလိုသူတွေရော ရှိနေတဲ့ ဒီ FB စာမျက်နှာပေါ်မှာကိုယ်တန်ဖိုးထားတဲ့သူကို ကိုယ့်ကြောင့်ရောပြီး အဆဲမခံရစေချင်လို့တမင်မျက်နာမပြသေးတာပါတကယ့်အပြင်လက်တွေ့ဘဝမှာ မိဘဆရာသမားဆွေမျိုးသားချင်းပတ်ဝန်းကျင်တစ်ခုလုံးသိတဲ့ ဆက်ဆံရေးပါ

နာမည်ရချင်တာလား နာမည်ဖျက်ချင်တာလားမသေချာတဲ့ Page အတုတွေရဲ့ မိန်းကလေးတွေအားကျရတဲ့ရုပ်ရည်ချောမောဘာညာသာရကာအိုဗာတင်းပြောဆိုမှုတွေ ဘာမှမဆိုင် ဘာမှမပတ်သက်ပဲကိုယ့်အားကိုယ်ကိုးလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်ကို အတင်းတွေ စစ်တပ်ကလူဆိုပြီး ခေါင်းစဉ်တွေတပ်ရေးတာတွေ အခုချိန် အရေးပါလို့လားဟင်ဘာလို့သွေးခွဲစကားတွေနဲ့ထိခိုက်စေချင်ကြရတာလဲလူတိုင်းကိုလိုက်ရှင်းပြဖို့ကလည်းဖြစ်မှမဖြစ်နိုင်တာ မြတ်သူတို့လည်းပြည်သူထဲကပြည်သူ သာမာန်လူတွေပဲလေနော်

ဘာတစ်ခုမှအဆင်မပြေကြတဲ့ နှစ်ဟောင်းကို ကြိုးစားဖြတ်ကျော်ခဲ့ရပြီး နှစ်သစ်မှာတော့ ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေကိုမျှော်လင့်မိသလို ရှင်သန်ခွင့်ရနေတုန်း ဘေးမှာရှိတဲ့သူတွေကို ပိုတန်ဖိုးထားကြရမှာဆိုတဲ့အတွေးတွေနဲ့လေးချိန်းတာပါ တကူးတကကြွားပြစရာမရှိသလို တကူးတကဖုံးကွယ်နေတာလည်း မဟုတ်ပါဘူးတကယ်လက်တွေ့ဘဝကပိုအရေးပါမှန်းသိလို့ အခုလိုပဲနေတာပါ ကိုယ်တွေလည်း ရှေ့ဆက်အားတင်းပြီးဖြတ်သန်းနေကြရတဲ့သူတွေချင်းပါပဲ အားလုံးအတူတူပါပဲ 😔” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *