ရန်ကုန်ကို ခဏပြန်လာတုန်းက သားလေးနဲ့အတူ ဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်လေးအား ပြန်လည်ဝေမျှပေးလိုက်တဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ သရုပ်ဆောင် ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ လက်ရှိမှာ ဩစတေးလျနိုင်ငံတွင် ပညာသင်ကြားလျက် ရှိနေကြတာ ဖြစ်ပါတယ်။ သားလေးကို ခွဲခွာပြီး အဝေးတစ်နေရာမှာ နေထိုင်နေရတဲ့အတွက် ဇနီးမောင်နှံနှစ်ယောက်လုံး စိတ်မကောင်း ဖြစ်နေတာ ဖြစ်ပါတယ်။ Liam လေးနဲ့ ခွဲနေရပေမယ့်လည်း နေ့စဉ် ဗီဒီယိုကောလ်ခေါ်ရင်းဖြင့်သာ အလွမ်းသည်နေရတာ ဖြစ်ပါတယ်။


Liam လေးကိုတော့ ဘိုးဘိုးနဲ့ ဘွားဘွား အပြင် အဒေါ်ဖြစ်သူ ယွန်းနဒီလွင်မိုးကပါ ပြုစုစောင့်ရှောက်ပေးနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ယွန်းနဒီလွင်မိုးရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ Liam လေးနဲ့အတူ ဆော့ကစားရင်း ပျော်ရွှင်နေကြတဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကို ဗီဒီယိုလေး ရိုက်ပေးထားတာ ဖြစ်ပါတယ်။


ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံဟာ ဘွဲ့ရပြီးတာနဲ့ မကြာခင်မှာ မြန်မာနိုင်ငံသို့ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေရန်အတွက် Liam လေးတို့ မိသားစုရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *