ပရိသတ်ကြီးရေသရုပ်ဆောင် ကျော်ကျော်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ ဗီဒီယိုဇာတ်ကားများအပြင် ရုပ်ရှင်ဇာတ်ကားကြီးများမှာလည်း ပါဝင်သရုပ်ဆောင်နေရသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေအပြင် Live Sales များ လက်ခံရောင်းချပေးနေလျက် ရှိပါတယ်။
သူကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ အတွဲအများဆုံး ဖြစ်ပြီး ပရိသတ်တွေက ချစ်သူတွေလို့တောင် ထင်နေကြပြီ ဖြစ်ပြီး ကာယကံရှင်တွေကတော့ ဝန်ခံခြင်း မရှိသေးပါဘူးနော်။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ သိရှိရအောင် အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ကျော်ကျော်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ လက်မောင်းကို ဆေးထိုးခံရတော့မယ့် ချစ်သူလေး ဆုမြတ်နိုးဦးအား ဘေးကနေဗီဒီယိုရိုက်ပြီး စနောက်ကျီစယ်နေတာ ဖြစ်ပါတယ်။ ” သတ္တိခဲမလေး ဆေးထိုးချိန် ” ဆိုပြီး ကျော်ကျော်မှ ရေးသားထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်းကြည့်ရှုနိုင်စေရန်အတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။