လူပုံလယ်မှာ မယားကြောက်သူလို့ အခေါ်ခံနေရတဲ့ နောက်ကွယ်က တကယ့်ဖြစ်ရပ်မှန်အား ဖွင့်ဟပြောပြလိုက်တဲ့ ဇေသီဟ

ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ခရိုနီ ဇေသီဟနဲ့ လက်ထပ်ပြီးနောက်ပိုင်း အနုပညာလောကထဲသို့လုံးဝခြေမချတော့ဘဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့သာ နေထိုင်လျက် ရှိနေပါတယ်။ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ကိုရီးယားအလှကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချနေတာလည်း ဖြစ်ပါတယ်။ နန္ဒာလှိုင်တို့ဇနီးမောင်နှံဟာ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူတွေနဲ့အတူ မပါဝင်တာကြောင့် ဝေဖန်ခံခဲ့ရတာပါ။


ဒါ့ကြောင့် အချိန်အတော်ကြာသည်အထိ လူမှုကွန်ရက်ပေါ်ကနေ ပျောက်ကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဇေသီဟကတော့ ဇနီးဖြစ်သူကို မျက်စိအောက်က အပျောက်မခံအောင်ကို ချစ်မြတ်နိုးလွန်းတာကြောင့် မယားကြောက်ဆိုတဲ့ နာမည်ပြောင်ကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဇေသီဟရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။


ဒါကတော့ မယားကြောက်သူလို့ လူပုံလယ်မှာ အခေါ်ခံနေရတဲ့ နောက်ကွယ်က တကယ့်ဖြစ်ရပ်မှန်အား ဖွင့်ဟပြောပြလိုက်တာဖြစ်ပါတယ်။ ” မိန်းမကြောက်တယ်လို့ သတ်မှတ်ကြတယ်။ ကိုယ်ကျင့်တရားနဲ့ ဝတ္တရား ကျိုးပေါက်မှာကြောက်တာပါလို့ လူတိုင်းကို ပြန်မပြောဖြစ်သေးဘူး။” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.