ချစ်သူလေးကို ထားခဲ့ပြီး ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ရတဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ချို့ကို ရင်ဖွင့်ပြောပြလာတဲ့ ဟန်လင်း

ပရိသတ်ကြီးရေ မော်ဒယ် ဟန်လင်းကတော့ မြန်မာနိုင်ငံကို စွန့်ခွာပြီး အနောက်နိုင်ငံတစ်နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို လုပ်ရက်မျိုးလုပ်သွားခဲ့တဲ့အတွက် ပရိသတ်တစ်ချို့မှ ဝေဖန်အပြစ်တင် နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဟန်လင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားကနေ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ရတဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တစ်ချို့ကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။”အခုချိန်ကျွန်တော်တို့နောက်ကိုပြန်လှဲ့ကြည့်ရင်ကျောပဲရှိတော့တယ်

ပြည်ပ နိုင်ငံကိုဘဝကြီးထင်ပြီး ထောင်ထဲကလူတွေကိုအားနာပါတို့ တောထဲကလူတွေကိုမသနားဘူးလားတို့ လာပြောကြတဲ့လူတစ်စုကိုပြောချင်တာက ကျွန်တော်တို့မှာလည်း ဘဝ ရှိပါတယ် ကျွန်တော်တို့ဟာ နိုင်ငံရေးသမားတွေလည်းမဟုတ်သလို သေနတ်ကိုင်ပြီး စစ်တိုက်နိုင်တဲ့အရည်အချင်းလည်းမရှိပါဘူးစက်စုပ်ဖို့ကောင်းတဲ့ မတရားမှုကြီးကိုပြည်သူတစ်ယောက်အနေနဲ့ မခံနိုင်လို့ အမှန်တရား ဓမ္မဘက်က ကျွန်တော်တို့ဘဝတွေပျက်လို့ပျက်မှန်းမသိလောက်အောင် နေအိမ်တွေ ဖျက်စီးခံရ ရှာထားသမျှငွေတွေ အသိမ်းခံရနဲ့နောက်ဆုံးတောထဲတောင်ထဲမှာ လပေါင်းများစွာပုန်းခိုပြီး ဒုက္ခတွေများစွာနှာဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ပြီးပါပြီ

ထိုအချိန်ကာလတွေမှာလည်း စိတ်ကိုတင်းပြီး ရောက်ရာဘဝ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးကြိုးစားနေထိုင်ကြရင်း နိုင်ငံ့အရေးအတွက် နိုင်တဲ့ဝန်ကိုအတတ်နိုင်ဆုံး ဆက်လက်ထမ်းဆောင်ခဲ့တာမို့ ကိုယ့်လိပ်ပြာကိုယ် အရမ်းကိုလုံပါတယ်အဲ့အချိန်ကာလတွေမှာ လူတွေအလုပ်တွေလုပ်နေကြတာ မြင်ရင်ကိုယ်အားငယ်မိတာ အမှန်ပါ (အရှိန်အဟုန်နဲ့ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးအားကုန်ကြိုးစားနေတဲ့ကာလကို) သို့ပေမယ့် ကိုယ်ထပ် တစ်နေ့နေ့အလုပ်တွေကို ထမင်းစားချိန်မရှိလောက်အောင်လုပ်နေရတဲ့ ကိုယ့်ချစ်သူအားငယ်ပြီး သူဝမ်းနည်းနေတာမြင်တော့ ကိုယ့်အားငယ်စိတ်တွေကိုဖျောက်ရင်း သူ့ကိုနှစ်သိမ့်ရင်းဖြတ်သန်းခဲ့ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုယ်သာအသိဆုံးပါ

အခုလို ပြည်ပနိုင်ငံ ကိုထွက်လာတယ်ဆိုတာအပျော်ခရီး ထွက်လာကြတာမဟုတ်ပါဘူး ကျွန်တော်တို့နောက်မှာ ရှိနေသေးတယ် မိသားစု စားဝတ်နေရေးအတွက်သူများနိုင်ငံမှာ ဘာပိုင်ဆိုင်မှုမှမရှိရှေ့ဆက်ဘဝ ဘာဆက်ဖြစ်မှာလည်းဆိုတာလည်းမရေရာအခက်အခဲပေါင်းများစွာနဲ့ဘဝကိုသုညကပြန်စဖို့ကြိုးစားနေရတဲ့ကာလပါအခုလို အခက်အခဲတွေနဲ့ထွက်သွားရသည့်တိုင် ကျွန်တော်တို့နိုင်ငံအရေးအတွက်လည်း ဆက်ပြီး နိုင်သမျှဝန်ကိုထမ်းနေဦးမှာပါ(ဖြည့်စွက်ပြီးနောက်ဆုံးပြောချင်တာ ကျွန်တော် တို့က Gay တွေပါ)🤍” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.