သမီးလေးအတွက် တံမြက်စည်းစောင့် စုန်းမကြီးမှပေးတဲ့ လက်ဆောင်တွေကို ဝမ်းသာအားရဖောက် နေကြတဲ့ ချမ်းချမ်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေအဆိုတော် ချမ်းချမ်းကတော့ သူမရဲ့ ဒုတိယ ခင်ပွန်းနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ အီတလီနိုင်ငံတွင် နေထိုင်လျက် ရှိနေပါတယ်။ သမီးငယ်လေးကိုလည်း ရင်အုပ်မကွာ ပြုစုစောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။

သမီးလေးရဲ့လှုပ်ရှားမှုတွေကိုလည်းအမြဲဝေမျှပေးလေ့ရှိရာ မကြာသေးခင်က ချမ်းချမ်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့သမီးလေးအတွက်တံမြက်စည်းစောင့် စုန်းမကြီးမှပေးတဲ့ လက်ဆောင်တွေကိုဝမ်းသာအားရဖောက် နေကြတဲ့ ချမ်းချမ်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ချမ်းချမ်းကလည်း အီတလီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတစ်ချို့ကို အခုလို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

“ဒီနေ့Pilar လေးအတွက် တံမြက်စည်းစောင့် စုန်းမကြီးက ဘာတွေလက်ဆောင်ပေးသွားလဲ မကြာမီ video လေးတင်ပေးမယ်နော်Befanaလို့ခေါ်တဲ့စုန်မကြီးက ခရစ်စမတ်အပြီး လက်ဆောင်တွေပေးတဲ့နေ့ဖြစ်ပါတယ်ဇန်နဝါရီ ၆ရက်နေ့ဟာ အီတလီတနိုင်ငံလုံးအလုပ်ပိတ်ရက်ဖြစ်ပြီးကလေးရှိတဲ့အိမ်တွေအတွက် မနက် ၅နာရီနဲ့ ၆နာရီကြားမှာ လိမ္မာတဲ့ကလေးတွေအတွက် ခရစ်စမတ်ကာလအပြီးမှာ sweets candy တွေကိုအိမ်မှာ မသိခင်လာထားပေးသွားပြီး ဆိုးသွမ်းတဲ့ကလေးတွေအတွက်ဆိုရင် သကြားလုံးတွေအစား ကျောက်ခဲတွေပဲလာထားသွားတယ် ဆိုပြီး အယူအဆ ရှိကြပါတယ်ကဲ Pilar လေး ဒီနေ့မှာ စုန်းမကြီးလက်ဆောင်တွေဘာတွေပေးသွားလဲ ဆိုတာ မကြာမီ Chanchan ရဲ့ YouTube channel မှာတင်ပေးမယ်နော်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.