ကျောင်းတက်ပြီး ပြန်လာတဲ့ ချစ်သမီးလေးကို ပုခုံးပေါ်ချီတင်ပြီး မေးခွန်းလေးတွေ မေးနေတဲ့ စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေသရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီးဒီကတော့ လတ်တလောမှာ သမီးလေးနဲ့အတူ ကြော်ငြာလေးတွေ ရိုက်ကူးဖြစ်နေတာ ဖြစ်ပါတယ်။ သမီးလေးကိုလည်း ပရိသတ်တွေအားလုံးက ချစ်မဝ ဖြစ်နေကြတာ ဖြစ်ပါတယ်။


ဒီးဒီကလည်းသူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က စန္ဒီမြင့်လွင်ရဲ့Facebook Page တွင် ဗီဒီယိုလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကျောင်းတက်ပြီး ပြန်လာတဲ့ ချစ်သမီးလေးကို ပုခုံးပေါ်ချီတင်ပြီး မေးခွန်းလေးတွေ မေးနေတဲ့ စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။


“ကျောင်းမတက်တာ ၂နှစ်အကြာ😆 စာရင်းသွင်းထားတာကျန်နေလို့လာတက်ပါဆိုလို့ သွားတက် တဲ့ထရက်ရှာပါးပါးကချီပြီး ပို့ရအမှတ်တရလေး သိမ်းထားမို့ကြီးလာရင်ပြန်ပြရမယ်🥰🥰🥰 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် Treasure လေးတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.