သူတို့နှစ်ယောက် လက်ထပ်တုန်းက အမှတ်တရဓာတ်ပုံမရိုက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာတဲ့ နေမျိုးအောင်ရဲ့ဇနီး

ပရိသတ်ကြီးရေ သရုပ်ဆောင် နေမျိုးအောင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားတာ ဆယ်စုနှစ်ကျော်တိုင်ခဲ့ပါပြီနော်။ ယနေ့ချိန်ထိ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတိုင်းမှာ ပါဝင် သရုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ နေမျိုးအောင်ကတော့ သာယာကြည်နူးဖွယ်ရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။


သူ့ရဲ့ ဇနီး အာဗြဲစိန်ကလည်း မိသားစုစီးပွားရေးလုပ်ငန်းတွေကို ပိုမိုအောင်မြင်အောင် ဦးဆောင် လုပ်ကိုင် လျက် ရှိနေပါတယ်။ သူတို့ ဇနီးမောင်နှံ လက်ခံဆောင်ရွက်ပေးတဲ့ Live Sales တိုင်းလည်း ရောင်းမလောက်အောင် ဖြစ်ရတဲ့အထိ အောင်မြင်မှုတွေ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ ဇနီးမောင်နှံရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေကြတာ ဖြစ်ပါတယ်။


မကြာသေးခင်က အာဗြဲစိန်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် စိတ်မကောင်းစရာအကြောင်းလေးတစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့နှစ်ယောက် လက်ထပ်တုန်းက အမှတ်တရဓာတ်ပုံမရိုက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို စိတ်မကောင်းစွာဖြင့် ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ ” မဆောင်လိုက်ရပါဘူးအစ်မရယ် အိမ်ကသဘောမတူဘူး အဲ့အချိန်ကလည်းမဆောင်နိုင်ဘူးရယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *