မေမြို့မှာ သူမဝယ်ယူထားသော သိန်းရာကျော်တန်ဖိုးရှိတဲ့ မြေကွက်ကြီးကို Live လွှင့်ပြီး ပြသလိုက်တဲ့ မေကဗျာ

ပရိသတ်ကြီးရေ သရုပ်ဆောင် မေကဗျာကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမကတော့ လက်ရှိကာလမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိသေးတဲ့အတွက် Live Sales ပေါင်းများစွာကို လက်ခံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုကို ပရိသတ်တွေထံ ချပြခဲ့ပါတယ်နော်။

ဒါကတော့ ပြင်ဦးလွင်က မြေတွေကို အကွက်ရိုက်ပြီး ချိုသာတဲ့ နှုန်းထားဖြင့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေကို Live လွှင့်ပြီး သူမရဲ့ မြေကွက်တွေကို ပြသပေးနေတာဖြစ်ပါတယ်။ မကြာသေးခင်က မေကဗျာရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ မေမြို့မှာ သူမဝယ်ယူထားသော သိန်းရာကျော်တန်ဖိုးရှိတဲ့ မြေကွက်ကြီးကို Live လွှင့်ပြီး ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီမြေကွက်ဟာ သူမကိုယ်တိုင် ရောင်းချနေတဲ့အထဲက ဝယ်ယူထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝယ်ယူအားပေးချင်ပါက မေကဗျာရဲ့Facebook Page တွင် သွားရောက်စုံစမ်းလို့ ရကြောင်း သတင်းကောင်းပါးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.