ချစ်ဇနီးလေးအတွက် ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အရာလေးတစ်ခု ချစ်သက် လက်ဆောင်ပေးခဲ့တဲ့ ယွန်းဝတီလွင်မိုးရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ ကြော်ငြာမင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ကလေးဘဝကတည်းက ဖခင်ဖြစ်သူနဲ့အတူ အနုပညာလောကသို့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ခေးလေးကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ဩစတေးလျနိုင်ငံမှာ ကျောင်းသွားတက်နေတာ ဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေအား အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ယွန်းဝတီလွင်မိုးရဲ့ Instagram story မှာ ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ခင်ပွန်းဖြစ်သူမှ ပေးသော ချစ်သက်လက်ဆောင်လေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေတာ ဖြစ်ပါတယ်။

ဒါကတော့ ခင်ပွန်းဖြစ်သူမှ သူ့ရဲ့ လက်မောင်းပေါ်မှာ ခေးလေးရဲ့ နာမည်ကို တက်တူးရေးထိုးထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျတာ စောပေမယ့်လည်း သူမအပေါ် ဂရုစိုက်ပြီး တန်ဖိုးထားချစ်ခင်ပေးတဲ့ ခင်ပွန်းကို ရရှိထားတဲ့အတွက် ခေးလေးတစ်ယောက် ဝမ်းသာနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *