လွတ်မြောက်နယ်မြေတွင် နေထိုင်စားသောက်နေရတဲ့ အခြေအနေတွေကို အားလုံးသိရှိစေရန် သူမရဲ့ပုံရိပ်တစ်ချို့ကို ဝေမျှပေးလာတဲ့ ထားထက်ထက်

ပရိသတ်ကြီးရေ မော်ဒယ် ထားထက်ထက်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး မကြာခင်မှာပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို မခံလိုတာကြောင့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးအတွက် လုပ်ဆောင်နေတဲ့အရာတွေကိုလည်း ပြည်သူတွေ သိရှိရအောင် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ထားထက်ထက်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် လွတ်မြောက်နယ်မြေတွင် နေထိုင်စားသောက်နေရတဲ့ အခြေအနေတွေကို အားလုံးသိရှိစေရန် သူမရဲ့ပုံရိပ်တစ်ချို့ကို ဝေမျှပေးလာတာ ဖြစ်ပါတယ်။

“အသက်ရှင်သ၍ တိုက်ပွဲဝင်ပေးကြမယ့်ရဲဘော်တွေ စစ်ပွဲက ကိုယ့်ဆီရောက်လာတဲ့အခါ လက်နက်ကိုင်ပြီးလဲ မတိုက်နိုင်၊တိုက်နိုင်လဲ လုံလောက်တဲ့ ထောက်ပို့ပစ္စည်းအင်အားကမရှိအဲ့ဒီတော့ လူတွေဟာ သူတတ်နိုင်စွမ်းရှိသလောက် လုပ်ဆောင်ပေးပြီးတဲ့အခါ လွတ်မြောက်ရာလမ်းကိုရှာဖွေတာ အပြစ်ဖြစ်တယ်လို့ ကျွန်မ မထင်ပါဘူး

လွတ်မြောက်သွားတဲ့သူတွေ အဖမ်းခံရမှ၊တ်ဖြတ်ခံရမှမှဝမ်းနည်းပါတယ်RIP ပါဆိုပြီးတရက်လောက် ပို့စ်တင်ကြမှာလားပြန်လမ်းမရှိတဲ့နေရာကိုရောက်မှ ကျေနပ်ကြမှာလားရှင်ဘယ်ကိစ္စမဆို အပြစ်တင်လိုက်ဖို့ထက်ငါတို့ဘက်တော်သား တယောက်လွတ်မြောက်ပြီသူဆက်ပြီးတိုက်ပွဲဝင်နေဦးမယ်ဆိုပြီးဝမ်းသာပေးလို့မရနိုင်ဘူးလားရှင်

တချို့တွေနေနေကြသလိုမသိသလိုလိုရောယောင်ပြီးနေလို့ရနေလျက်နဲ့ ကိုယ်နိုင်ရာကိုလုပ်ဆောင်ပေးနေကြရင်အသိအမှတ်ပြုပေးရမယ် မဟုတ်လားရှင်

ဒုက္ခရောက်တဲ့အချိန် ဘေးလွတ်ရာပြေးကြရတဲ့အခါ လူကထွက်သွားပေမယ့် ကိုယ်တတ်တဲ့ ပညာနဲ့ဖြစ်စေ နိုင်ရာနေရာကဖြစ်စေ ပါဝင်နေနိုင်ဖို့ တတ်နိုင်သလောက် ဆွဲခေါ်ထားရမှာ မဟုတ်လားသိပ်ပင်ပန်း ဒုက္ခရောက်တဲ့အခါ ရွေးစရာလမ်းမရှိတော့လို့ ရှိတဲ့လမ်းကြောင်း ရွေးချယ်ပြီးသွားရသူတွေကို တော်လှန်ရေးအတွက် နိုင်ရာအပိုင်းကနေ ပါဝင်စေဖို့ အားပေးသင့်တယ် မဟုတ်လားအားလျော့ ဝမ်းနည်းစေပြီး ပိုပင်ပန်းစေတဲ့အခါ ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့ လူတွေ နည်းပါး သည်ထက် နည်းပါး သွားမှာကိုလဲ စိတ်ပူမိပါတယ်

တောတွင်းနေထိုင်မှုဟာ သီတင်းကျွတ်တန်ဆောင်တိုင် နှစ်သစ်ကူး ညဘက် မီးရှူးမီးပန်းဖောက်တဲ့အသံကြားရင်တောင် လက်နက်ကြီးပစ်တယ်ထင်ပြီး မှောင်မဲထဲ ဘယ်ပြေးရမှန်းမသိ လန့်လန့်နိုးနေရတဲ့ ညပေါင်းများစွာ

တောထဲတောင်ထဲ ဘယ်လိုနေထိုင်ရတယ်ဘယ်လောက်စိတ်ပင်ပန်းဝမ်းနည်းစရာတွေနဲ့ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာကို မြို့ပေါ်က တချို့တွေ သိနိုင်ဖို့ ခဲယဉ်းပါတယ်ရှင်ကိုယ်ချင်းမစာနိုင်ရင်တောင် အပြစ်တွေမဖို့သင့်ဘူးလို့ ထင်ပါတယ်လက်နက်ကိုင်မတိုက်နိုင်တဲ့သူတွေက သူနိုင်ရာနေရာကနေ တာဝန်နိုင်သလောက် ထမ်းနေကြတာပါပဲဘယ်နေရာကမဆို ပါဝင်သူတယောက်စီတိုင်းဟာ လေးစားစရာကောင်းသူချည်းပါပဲအခုချိန် မြို့ပေါ်ကို USA က လေယာဉ်တစ်စီးလောက်လွှတ်လိုက်ပြီးဘာမှယူစရာမလိုလိုက်ချင်တဲ့သူတက်ခဲ့လို့ပြောရင် လေယာဉ်ကို အာဖဂန်ကလူတွေလို တွယ်တက်ပြီး သွားကြမယ့်သူတွေ အများကြီးရှိမှာပါပဲမြို့ပြမှာ နေထိုင်သူတွေလဲ အစစ အရာရာ လုံခြုံမှုရှိနေတာမှမဟုတ်တာ ကျွန်မတို့ နားလည်ပါတယ်အပြစ်တင်စောဖို့ထက် ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာအတိုင်းဆက်လုပ်နေဖို့ အရေးကြီးပါတယ်အချင်းချင်းဖေးမရင်း အားပေးကြဖို့ပဲလိုတယ် ထင်ပါတယ်

ဆိုရှယ် မီဒီယာမှာ လူသိနေသူတွေအတွက် ရှောင်ရ ၊ ပုန်းရတဲ့အခါ သူများတွေထက် ပိုခက်ခဲပါတယ်ကိုယ့်မျက်နှာကြီးမှတ်မိပြီးဘယ်ချိန်အဖမ်းခံရမလဲဘယ်လိုရှောင်ရမလဲဘယ်လိုနေထိုင်ရမလဲဆိုပြီးအမြဲတမ်းလုံခြုံရေးဦးစားပေးစဉ်းစား ရပါတယ်တချို့ခရီးလမ်းတွေ နာရီပိုင်းအတွင်းရောက်နိုင်တဲ့လမ်းကြောင်းတွေကို လုံခြုံရေးအရ ၁ ညအိပ်၂ ညအိပ်တခါတလေ ရက်ရှည်ကြာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းသွားရတဲ့ အခါတွေလဲ ရှိပါတယ်ဒါတွေကို အသေးစိတ် နားမလည်နိုင်ရင်တောင်ကိုယ်ချင်းမစာနိုင်ရင်တောင် အပြစ်မဖို့ကြဖို့ ၊ မလှောင်ပြောင်ကြဖို့အလွဲအချော်တွေရှိခဲ့ရင်တောင် အချင်းချင်းဖေးမပြီး လမ်းကြောင်းတည့်အောင် အပြုသဘောနဲ့ထိန်းကျောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်ကျွန်မတို့လူမျိုးဟာ အခါကြီးရက်ကြီး များမှာ ဇီဝိတ ဒါန အနေနဲ့ ငှက်ကလေးတွေ ငါးကလေးတွေက စလို့ သတ္တဝါလေးတွေ ရဲ့အသက်ကို ကယ်တင်ကုသိုလ်ယူကြတဲ့ မေတ္တာဓါတ်အင်မတန်ကြီးတဲ့လူမျိုးပါအခုလို အသက်ဘေးကြောင့် မိမိတို့နေထိုင်ရာ အမိမြေ ကို စွန့်မိသားစုကိုစွန့်ပိုင်ဆိုင်သမျှကို စွန့်ပြီး ခြေဗလာ လက်ဗလာ နဲ့ ရှောင်တိမ်းရတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်ဟောင်းအချို့အပေါ်မေတ္တာပြပေးကြပါလို့တောင်းပန်လိုပါတယ်ဘယ်သူတွေဘယ်လိုပဲ ပြစ်တင်ကြိမ်းမောင်းကြပါစေအသက်ဘေးကြောင့် အမိမြေမှရှောင်တိမ်းခဲ့ကြရတဲ့ ရဲဘော်များကို အသက်ရှင်သ၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲဝင်မယ့် ရဲဘော်များ လို့ ကျွန်မက ယုံကြည်လေးစားချစ်ခင်လျက်ပါရှင့်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.