ခင်ပွန်းဖြစ်သူရဲ့ ညီအစ်မတွေနဲ့လည်း အဆင်ပြေအောင်နေတတ်ပြီး ယောင်းမတွေရဲ့အချစ်တွေကိုပါ သိမ်းပိုက်ထားတဲ့ သဉ္ဇာနွယ်ဝင်း

ပရိသတ်ကြီးရေ ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမကတော့ ကလေးနှစ်ယောက်မွေးဖွားထားတာတောင် အပျိုဖြန်းလေးတစ်ယောက်လို နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သဉ္ဇာကိုသာမကဘဲ သူမရဲ့ ကလေးတွေကိုပါ ချစ်ပေးကြတာ ဖြစ်ပါတယ်။

သဉ္ဇာကတော့ သားကြီးမွေးဖွားပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ်သူအတွက် ဇနီးမယားကောင်းပီသအောင် နေထိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေ သိရှိရအောင် အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်က သဉ္ဇာနွယ်ဝင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ခင်ပွန်းဖြစ်သူရဲ့ အမျိုးတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေး ဖြစ်ပါတယ်။ သဉ္ဇာကတော့ ခင်ပွန်းဖြစ်သူရဲ့ ညီအစ်မတွေနဲ့လည်း အဆင်ပြေအောင်နေတတ်ပြီး ယောင်းမတွေရဲ့အချစ်တွေကိုပါ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရအောင်ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.