ချစ်သူလေးနဲ့အတူ စပ်တူလုပ်ကိုင်နေတဲ့ မြေကွက်တွေ ရက်ပိုင်းအတွင်း ကုန်အောင်ရောင်းချနိုင်တဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ သရုပ်ဆောင် မေကဗျာကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေအပြင် အခြားစီးပွားရေးလုပ်ငန်းတွေကိုပါ ဦးစီးလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်က ပြင်ဦးလွင်မြို့သို့ သွားရောက်ပြီး မြေကွက်တွေ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ရောင်းချတဲ့ မြေကွက်တိုင်းကိုလည်း စိတ်ရှည် လက်ရှည်နဲ့ သေချာလေး ရှင်းပြပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က မေကဗျာရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းသာစရာသတင်းလေးတစ်ခု ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးနဲ့အတူ စပ်တူလုပ်ကိုင်နေတဲ့ မြေကွက်တွေ ရက်ပိုင်းအတွင်း ကုန်အောင်ရောင်းချနိုင်တဲ့အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ “ကဲပျော်သေပီCongratulations Arr Mann Htut ” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။

“တောင်ပေါ်မြို့လေးကိုနှုတ်ဆက်ပါ၏ကဗျာ့ကိုယုံကြည်စွာဝယ်ယူအားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးပါမေမြို့မှ သူငယ်ချင်း မိတ်ဆွေ အစ်မများအားလုံးကိုလည်းကျေးဇူးပါရှင့်ဒီနေ့ညအိမ်အထည်live လေးရှိပါတယ်နော်” ဆိုပြီး ကျေးဇူးတင်စကားလေးလည်း ရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *