သူမကို ကြည့်ပြီး အသည်းယားစရာကောင်းတဲ့ အမူအရာလေးတွေ လုပ်ပြနေတဲ့ သမီးလေးကို ဗီဒီယို ခိုးရိုက်ထားတဲ့ မေမေခင်လွှမ်း

ပရိသတ်ကြီးရေ မော်ဒယ် ခင်လွှမ်းကတော့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေကို အနားယူလိုက်ပြီး သမီးလေးကိုသာ အချိန်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်ထားတဲ့ အဝတ်အထည်တွေကို Live လွှင့်ပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။

သူမရဲ့ သမီးလေးကလည်း တစ်နေ့ထက် တစ်နေ့ ချစ်ဖို့ကောင်းလာပြီး မေမေ့လို အိုင်တင်လေးတွေ လုပ်တတ်နေပြီ ဖြစ်ပါတယ်။ သမီးလေးရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ မကြာသေးခင်က ခင်လွှမ်းရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမကို ကြည့်ပြီး အသည်းယားစရာကောင်းတဲ့ အမူအရာလေးတွေ လုပ်ပြနေတဲ့ သမီးလေးကို ဗီဒီယို ခိုးရိုက်ထားတာ ဖြစ်ပါတယ်။ အားလပ်ရက်မှာ သမီးလေးကို အချိန်ပေးနေတဲ့ ခင်လွှမ်းကတော့ တကယ်ကို မိခင်ကောင်း ပီသလွန်းလှပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *