ပရိသတ်ကြီးရေ မိတ်ကပ်မေဦးကတော့ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အခုလိုတွေ ပါဝင်ခဲ့တာကြောင့် စစ်အာဏာရှင်လူတစ်စုရဲ့ ဝရမ်းထုတ်ခံရတာကြောင့် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ရတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မကြာသေးခင်က မေဦးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးကို ဘယ်လိုမှ မခွဲနိုင်တဲ့အတွက် ဟန်လင်းနဲ့ အမေရိကန်နိုင်ငံသို့ အတူလိုက်ပါသွားခဲ့ကြောင့် ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ ” မေဦးနှင့်ဟန်လင်း ဒီဇင်ဘာ 15 ရက်နေ့ ကအမေရိကန်နိုင်ငံ New York မြို့ကိုရောက်ခဲ့ပါတယ်ရောက်ရောက်ခြင်းမှာပဲ Omicron ရောဂါကူးဆက်ခြင်းခံရပြီး ၁၀ ရက်လောက် stay home နေလိုက်ရပြီးတော်တော်လေးခံလိုက်ရသည့်အတွက် လုပ်စရာလေးတွေနဲ့အသိပေးစရာလေးတွေနောက်ကြခဲ့ပါတယ် ။
ဒီနေ့တော့မြန်မာ့နွေဦးတော်လှန်ရေးအတွက်အားသွန်ခွန်ဆိုက်ကူညီပေးနေကြသော New York မြို့မှနွေဦးတော်လှန်ရေးမိသားစုများ အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအတွက်အထောက်အကူဖြစ်မည့် ကိစ္စများနှင့်ရန်ပုံငွေ ပွဲတွေအတွက်တိုင်ပင်ဖြစ်ခဲ့ကြပါတယ်ထို့အပြင် မေဦးနဲ့အမှတ်တရအဖြစ် make up အပြင်ခံကြပြီး မေဦးလက်ထဲသို့US dollar 800 ပေးခဲ့ပါသည်။ထိုငွေ800 နှင့်နောက်ပိုင်းAmerican နိုင်ငံမှမြန်မာလူမျိုးများ နှင့် self make up class မှရရှိမည့်ငွေများကိုတော့ကိုယ်ကျိုးအတွက်လုံးဝမသုံးပဲ တော်လှန်ရေးအတွက်ပို့ပေးသွားမည်ဟုဆုံးဖြတ်ထားပါသည် ။
နွေဦးတော်လှန်ရေးအစကနေယခုအချိန်ထိမေဦးတို့ရွေးခြယ်ရပ်တည်ခဲ့တဲ့လုပ်ရပ်တွေကိုမှန်တယ်လို့အသိမှတ်ပြုပေး အားပေးခဲ့ကြတဲ့သူတွေရှိသလိုမေဦးတို့ရွေးချယ်ခဲ့တာတွေလက်လွှတ်ခဲ့ရတာတွေဟာ မလုံလောက်သေးဘူးမမှန်ဘူးလို့ပြောကြမည့်သူထင်ကြေးပေးကြမည့်သူ ဆဲရေးတိုင်းထွားကြမည့်သူတွေ ကိုတော့ ပြန်ဖြေရှင်းဖို့ မရှိပါကြောင်း အသိပေးချင်ပါတယ်။
ရန်ပုံငွေများရရှိရေး နှင့် New York မြို့မှ အဖွဲ့အစည်းများ တွေ့ဆုံဖြစ်ဖို့ ကူညီပေးသော မမပူတူး ,မမသင်း, နှင့် Support The Democracy Movement In Burma အဖွဲ့စည်းမှကိုDannyနှင့် မမအိ ကိုလည်းကျေးဇူးအထူးတင်ပါသည် 🙏🏻❤️ အရေးတော်ပုံအောင်ရမည်”ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။