သူမရဲ့ အနုပညာသွေးအပြည့်ပါတဲ့ သမီးကြီးရဲ့ မွေးနေ့အတွက်အတွက် ထူးခြားလွန်းတဲ့ လက်ဆောင်လေးပေးခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ ဒီနေ့ကတော့ သရုပ်ဆောင် စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ လူမှုကွန်ရက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်သွားပေမယ့်လည်း သမီးလေးရဲ့ မွေးနေ့ကိုတော့ Instagram လူမှုကွန်ရက်မှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ စမိုင်းလ်မှ သမီးကြီးအတွက် အခုလို ရေးသားပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

” တစ်နှစ်ထက်တစ်နှစ် လှပပြီး ဉာဏ်ရည်ထက်မြက်လွန်းတဲ့ သမီးကြောင့် ကြည်နူးခဲ့ရပါတယ်။ ညီမလေးကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတတ်တဲ့အတွက်လည်း ကျေနပ်ပီတိ ဖြစ်နေတာပါ။ အသက် (၁၇) နှစ်ပြည့်တဲ့နေ့မှာ ဖေဖေ့ရဲ့ ခွင့်ပြုချက်ဖြင့် အနုပညာလောကထဲသို့ ဝင်ရောက်လာနိုင်တဲ့အတွက်လည်း ဝမ်းသာနေပါတယ်။ ပေါတာလေးတွေကိုလည်း နည်းနည်းလျော့ဖို့ ” စမိုင်းလ်မှ ရေးသားထားတာ ဖြစ်ပါတယ်။

ပေါ်ရှာကလည်း မေမေ့ရဲ့ မွေးနေ့ဆုတောင်းစာကို ဖတ်ပြီး ပြောမပြတတ်အောင် ကြည်နူးဝမ်းသာနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း စမိုင်းလ်ရဲ့ သမီးကြီးပေါ်ရှာအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published.