ဆေးရုံတက်ပြီး အရေးပေါ် ခွဲစိတ်ကုသနေရတဲ့ ခင်ပွန်းဖြစ်သူရဲ့လက်ရှိအခြေအနေကို ဖွင့်ဟပြောပြလာတဲ့ ဌက်ပျော်ကြော်ရဲ့ဇနီး

သရုပ်ဆောင် ဌက်ပျော်ကြော်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ သူကတော့ လက်ရှိ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတဲ့အတွက် နယ်မြို့တစ်မြို့မှာ မိသားစုစားဝတ်နေရေးအတွက် အလုပ်သွားလုပ်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက ရန်ကုန်သို့ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

ရန်ကုန်ရောက်ရောက်ချင်းမှာပဲ ရောဂါတစ်ခုကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဌက်ပျော်ကြော် ဇနီးရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးရုံတက်ပြီး အရေးပေါ် ခွဲစိတ်ကုသနေရတဲ့ ခင်ပွန်းဖြစ်သူရဲ့လက်ရှိအခြေအနေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။

” ဦးငှက် ခွဲခန်းထဲတစ်နာရီခွဲကြာခဲ့ပေမဲ့ခွဲစိတ်မှုအောင်မြင်ပါတယ်။ကြောက်နေလို့လားတော့မသိဘူးနှလုံးခုန်နှုန်းကတော့ တစ်ချက်တစ်ချက်နှေးနှေးသွားတယ်Fighting ✊” ၊ ” ဦးငှက်အေးဆေးဖြစ်သွားပါပြီ ဆုတောင်းမေတ္တာပို့ပေးကြတဲ့ချစ်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်နော်🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.