သားလေးကို တိုက်ကျွေးရန်အတွက် သူမရဲ့နို့ရည်အား သေချာညှစ်ပြီး ဖန်ပုလင်းထဲသို့ စနစ်တကျသိုလှောင်သိမ်းဆည်းနေတဲ့ မေမေ အောန်ဆိုင်း

ပရိသတ်ကြီးရေ မော်ဒယ် အောန်ဆိုင်းကတော့ ချစ်စရာကောင်းတဲ့ သားလေး ဧဝရတ်မိုးမြင့်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး လက်ရှိမှာလည်း ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သားလေး မွေးဖွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ ကလေးကိုသာ သူမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ပေးထားတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း အောန်ဆိုင်း လိုအပ်တာမှန်သမျှ အနားကနေ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။

အောန်ဆိုင်းတို့ မိသားစုလေးဟာ လက်ရှိမှာတော့ ပြည်ပနိုင်ငံတွင် နေထိုင်နေတာ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲလိုလို ဝေမျှပေးနေကြ ဖြစ်ပါတယ်။ မကြာသေးခင်က အောန်ဆိုင်းရဲ့ Instagram Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သားလေးကို တိုက်ကျွေးရန်အတွက် သူမရဲ့နို့ရည်အား ဗူးထဲသို့ စနစ်တကျသိုလှောင်သိမ်းဆည်းနေတာ ဖြစ်ပါတယ်။

အောန်ဆိုင်းကတော့ လသားလေးသာရှိသေးတဲ့ သားလေးကို အနားကနေ တစ်ဖဝါးမှ မခွာနိုင်အောင် ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် မိခင်စိတ်အပြည့်ရှိတဲ့ အောန်ဆိုင်းရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားစရာပါပဲနော်။ ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါိတယ်နော်။

Leave a Reply

Your email address will not be published.