ပရိသတ်ကြီးရေ ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ မကြာသေးခင်က သူမရဲ့ Instagram လူမှုကွန်ရက်တွင် သတင်းလေးတစ်ခု ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ဆိုးရွားလှတဲ့ ကိုဗစ်ရောဂါကူးစက်မှုကြောင့် အရေးပေါ်အခန်းထဲမှာ ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပြီး (၃) ရက်မြောက်နေ့မှာတော့ အနည်းငယ် သက်သာလာပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
ပြည်ပနိုင်ငံများတွင် ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ အိုမီခရွန်ပိုးဟာ ပြန့်နှံ့နေဆဲ ဖြစ်ပါတယ်။ မိဘတွေနဲ့ အဝေးမှာ ကျောင်းသွားတက်နေရတဲ့ ခေးလေးတစ်ယောက် အခုလို ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေအားလုံးက စိတ်ပူနေကြတာ ဖြစ်ပါတယ်။ အရေးပေါ်ခန်းမှာ သုံးရက်ကြာ ဆေးကုသမှုခံခဲ့ရပြီးနောက် Negative ဖြစ်သွားပြီဖြစ်ကြောင်းကိုလည်း ယွန်းဝတီလွင်မိုးမှ ရေးသားထားတာ ဖြစ်ပါတယ်။
သူမကတော့ မကြာခင်မှာ ဘွဲ့ရရှိတော့မှာ ဖြစ်ပြီး မိဘတွေနဲ့ သားလေးရှိရာ မြန်မာနိုင်ငံသို့ ပြန်လာတော့မှာ ဖြစ်ပါတယ်။ခေးလေးတစ်ယောက် လက်ရှိ ခံစားနေရတဲ့ နောက်ဆက်တွဲ ဝေဒနာတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။