ပရိသတ်တွေ သိပ်မမြင်ဖူးကြတဲ့ ဖခင်ဖြစ်သူရဲ့ ရှားပါးဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလာတဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ဒီနေ့ကတော့ ဂန္တဝင်အဆိုပညာရှင် တွံတေးသိန်းတန် ကွယ်လွန်တာ (၂၃) နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ ရွှေရည်သိန်းတန်ကတော့ ဒီနေ့မှာ ဖခင်ဖြစ်သူအတွက် ရောက်တဲ့နေရာတိုင်း ကုသိုလ်ကောင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က ရွှေရည်သိန်းတန်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ပရိသတ်တွေ သိပ်မမြင်ဖူးကြတဲ့ ဖခင်ဖြစ်သူရဲ့ ရှားပါးဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြလာတာ ဖြစ်ပါတယ်။ ” ဖေဖေ၂၃နှစ်ပြည့်ပြီတဲ့တစ်နေ့မှမမေ့သလိုပူလောင်မှုတွေကြုံလာတိုင်းမျက်ရည်တွေကျရတိုင်းအကြိမ်ကြိမ် လဲပြိုရတိုင်းဖေဖေပေးတဲ့စိတ်ခွန်အားတွေနှင့်အကြိမ်ကြိမ်တည့်မတ်ရုန်းထဖြတ်ကျော်လာခဲ့ရတာလည်း၂၃နှစ်ပြည့်ပြီပေါ့ဖေဖေရယ်သမီးနှင့် အဖေကလက္ခဏာရောဇာတာပါတူတယ်သမီးနာမည်အနောက်မှာမင်းနာမည်ပါရင်သူ့ဘဝကြမ်းလိမ့်မယ်လို့ရွှေပေါ်ကျွန်းဆရာတော်ကြီးဘုရားကြီးမိန့်ခဲ့တုန်းကအဖေရော သမီးပါ ခေါင်းမာမာနှင့် မှတ်ပုံတင်ထဲအထိရွှေရည်သိန်းတန်လို့အဖေနာမည်ပေးခဲ့တာကို

အမြဲသတိရတယ်ဖေဖေ..သမီးပျော်တယ်ဘာလောကဓံကြုံကြုံ သမီးကျေနပ်တယ်ဖေဖေ့သမီးဖြစ်ရတာဂုဏ်ယူတယ်ဖေဖေခေါင်းမာတာရောဘဝနာတာရောဘာတွေတူရတူရဖေဖေနှင့်သာတူရမယ်ဆိုဒီနာမည်လေးကိုတသက်လုံးတမြတ်တနိုးနှင့်် သေသည်အထိသမီးအရာရာကိုအကောင်းဆုံး ဖြတ်ကျော်ပြသွားမယ်ဖေဖေကသမီးအတွက် တစ်ဘဝစာ လမ်းပြခဲ့သူHERO ကြီးပါဖေဖေရယ်🙏🙏🙏”ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.