ပရိသတ်ကြီးရေ အဆိုတော် ဆိုဖီယာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ဂီတလောကသို့ ဝင်ရောက်လာသူတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ လက်ရှိကာလမှာ ဂီတလှုပ်ရှားမှုတွေ လုပ်လို့မရသေးတဲ့အတွက် ပြည်ပနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူမရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကိုလည်း အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်က ဆိုဖီယာရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်ပနိုင်ငံတွင် အိုမီခရွန်ရောဂါကူးစက်ခံထားရတာကြောင့် သေမင်းနဲ့အပြိုင် စစ်ခင်းနေရတဲ့ သူမရဲ့အခြေအနေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ “ရန်ကုန်မှာ တအိမ်လုံးCovid ဖြစ်တာတောင်မဖြစ်ခဲ့ဘူး Fully vaccinated လုပ်ပြီးမှUAE Dubaiကိုလာခဲ့တယ်
Third waveလည်းမကူးဘူးOmicron ကျမှကူးတာOxygen 70ထိကျခဲ့တယ်သေမလိုဖြစ်တော့ကိုယ်တစ်ယောက်တည်းပါပဲနိုင်ငံရပ်ခြားလေ ဘယ်သူလာပေးနိုင်မှာလည်းခု ၁၁ရက်မြောက်နေ့။လမ်းလျှောက်လည်းမောဒီတိုင်းသီချင်းလေးဆိုတာတောင်မောတယ်ရင်တုန်ပန်းတုန်နဲ့တကယ်ဖြစ်တော့လည်းတစ်ယောက်တည်းပါပဲအဲ့တော့ ဘာကိုမှ သိပ်မစွဲလမ်းတာကောင်းတယ်တစ်ယောက်တည်းနေကျင့်ရှိရင် ဘာလာလာ ရင်ဆိုင်နိုင်တယ်လေ🙂” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။