သူမရဲ့အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး လမ်းစလျှောက်နေတဲ့ သမီးလေးကို ဗီဒီယိုလေးခိုးရိုက်ထားတဲ့ မေမေနန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ သားနဲ့ သမီး အနာဂတ်တွေ လှပအောင် အခုကတည်းက စီးပွားရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အသက်ငယ်သေးကြပေမယ့် ပြောစရာမလိုအောင် အရမ်းကို သိတတ်ကြတဲ့ ကလေးနှစ်ယောက်ကြောင့်လည်း နန်းမြတ်တစ်ယောက်ဂုဏ်ယူနေတာ ဖြစ်ပါတယ်။ ခင်ပွန်းမရှိတော့ပေမယ့် ဘဝကို ရုန်းကန်ပြီး အဆင်ပြေအောင် နေထိုင်နေတဲ့ နန်းမြတ်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး လမ်းစလျှောက်နေတဲ့ သမီးလေးကို ဗီဒီယိုလေးခိုးရိုက်ထားတာ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ သမီးလေးရဲ့ အပြုအမူလေးတွေကို ကြည့်ပြီး ချစ်မဝ ဖြစ်နေတာ ဖြစ်ပါတယ်။

” ဂျူးလေး၁၁လပါ လမ်းလျှောက်စမ်းနေပြီဂျက်လေးတုန်းကတော့ဖေဖေတစ်ဖက်မေမေတစ်ဖက်တွဲပြီးသင်ခဲ့တာမေ့သမီးလေးကတော့မေမေလဲရုန်းကန်နေရလို့အသေးစိတ်လေးတွေမလုပ်ပေးနိုင်ဘူး မေ့သမီးလေးပိုမိုသန်မာပါစေကွယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဂျူးဂျူးလေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.