ယခု လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို နိုင်ငံတကာမှသိစေရန် အွန်လိုင်းကနေတစ်ဆင့် တိုင်းကြားနေရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ပိုင်ဖြိုးသု

ယခု လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို နိုင်ငံတကာမှသိစေရန် အွန်လိုင်းကနေတစ်ဆင့် တိုင်းကြားနေရတဲ့ အဖြစ်ကိုပြောပြလာတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေ ချစ်ခင်အားပေးနေရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအစကတည်းမှစပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်နေသူ တစ်ဦး ဖြစ်တာကြောင့်လည်း အားလုံးက ချီးကျူးနေကြတာပါ။

ပိုင်ဖြိုးသုကတော့ လက်ရှိ အခြေအနေတွေကြောင့် တိမ်းရှောင် နေရပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် speak out လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Twitter ကနေလည်း နိုင်ငံတကာ မှ မြန်မာနိုင်ငံတွင် နေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို သိရှိနိုင်အောင် တင်ပေးနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ပိုင်ဖြိုးသုရဲ့Facebook အကောင့်တွင် လက်ရှိအခြေအနေတွေကြောင့် အတိုင်အတောထူနေရတဲ့ သူမ ရဲ့အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

” ငါလည်းအရမ်းအတိုင်အတောထူတဲ့ဟာမကြီးဖြစ်နေပြီ…. TTC ကသူငယ်ချင်းတွေအသိဆုံး…ငယ်ငယ်ကဘယ်လောက်တိုင်တာ တော တာဝါသနာမပါမှန်း…😬 အသင်းသားတွေတံမြက်စည်းဘယ်သူမှမလှဲလည်း .တစ်ယောက်တည်းလှည်းခဲ့ပြီး ဆရာမကအသင်းခေါင်းဆောင်မို့ စာမေးခိုင်းရင်လည်း စာလာဆိုတဲ့လူတိုင်း သူမအား ဘယ်လောက်များတလေးတစားရှိသလဲဆို *%content%amp;@ဖြစ်ပါသည် +’”*##@ဖြစ်ပါသည်..နဲ့ ဖြစ်ပါသည်။

တစ်ကြောင်းပဲဆိုဆိုသွားကြကြောင်းနဲ့ ဆရာမမှ အသင်းသား‌တွေစာရလားမေးရင် ဟုတ်တီချယ် ရတယ်ပဲဖြေခဲ့တာပဲ ဖြစ်ပြီး ကိုယ်တိုင်လည်း အတိုင် အတောမထူပဲ ဆရာမအားသွားတိုင်တဲ့သူတွေကိုလည်း အမြင်ကတ်ခဲ့ကြောင်း ရေးသားထားတာပါ။ လက်ရှိအချိန်မှာတော့ Twitterမှာတိုင်လိုက် …e-mailနဲ့တိုင်လိုက်…Signalကနေတိုင်လိုက်…တိုင်လို့ရသမျှနေရာပတ်တိုင်နေတာ… အရမ်းကိုအတိုင်အတောထူသူကြီးဖြစ်နေပြီ…” ဆိုပြီး သူမရဲ့ ပုံပန်းသဏ္ဍန်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးပြထားတာဖြစ်လို့ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါ တယ်နော်။

Zawgyi

ယခု လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနကို ႏိုင္ငံတကာမွသိေစရန္ အြန္လိုင္းကေနတစ္ဆင့္ တိုင္းၾကားေနရတဲ့ အျဖစ္ကိုေျပာျပလာတဲ့ ပိုင္ၿဖိဳးသု…..

သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုကေတာ့ ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးေနရတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလအစကတည္းမွစၿပီး ျပည္သူေတြနဲ႔အတူ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။ အမွန္တရားဘက္ကေန မားမားမတ္မတ္ ရပ္တည္ေနသူ တစ္ဦး ျဖစ္တာေၾကာင့္လည္း အားလုံးက ခ်ီးက်ဴးေနၾကတာပါ။

ပိုင္ၿဖိဳးသုကေတာ့ လက္ရွိ အေျခအေနေတြေၾကာင့္ တိမ္းေရွာင္ ေနရေပမယ့္လည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ အဖမ္းဆီးခံထားရတဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြအတြက္ speak out လုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Twitter ကေနလည္း နိုင္ငံတကာ မွ ျမန္မာနိုင္ငံတြင္ ေန႔စဥ္ျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာေတြကို သိရွိနိုင္ေအာင္ တင္ေပးေနတာပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း ပိုင္ၿဖိဳးသုရဲ့Facebook အေကာင့္တြင္ လက္ရွိအေျခအေနေတြေၾကာင့္ အတိုင္အေတာထူေနရတဲ့ သူမ ရဲ့အေၾကာင္းကို ေရးသားထားတာပဲ ျဖစ္ပါတယ္။

” ငါလည္းအရမ္းအတိုင္အေတာထူတဲ့ဟာမႀကီးျဖစ္ေနၿပီ…. TTC ကသူငယ္ခ်င္းေတြအသိဆုံး…ငယ္ငယ္ကဘယ္ေလာက္တိုင္တာ ေတာ တာဝါသနာမပါမွန္း…😬 အသင္းသားေတြတံျမက္စည္းဘယ္သူမွမလွဲလည္း .တစ္ေယာက္တည္းလွည္းခဲ့ၿပီး ဆရာမကအသင္းေခါင္းေဆာင္မို႔ စာေမးခိုင္းရင္လည္း စာလာဆိုတဲ့လူတိုင္း သူမအား ဘယ္ေလာက္မ်ားတေလးတစားရွိသလဲဆို *%content%amp;@ျဖစ္ပါသည္ +’”*##@ျဖစ္ပါသည္..နဲ႔ ျဖစ္ပါသည္။

တစ္ေၾကာင္းပဲဆိုဆိုသြားၾကေၾကာင္းနဲ႔ ဆရာမမွ အသင္းသား‌ေတြစာရလားေမးရင္ ဟုတ္တီခ်ယ္ ရတယ္ပဲေျဖခဲ့တာပဲ ျဖစ္ၿပီး ကိုယ္တိုင္လည္း အတိုင္ အေတာမထူပဲ ဆရာမအားသြားတိုင္တဲ့သူေတြကိုလည္း အျမင္ကတ္ခဲ့ေၾကာင္း ေရးသားထားတာပါ။ လက္ရွိအခ်ိန္မွာေတာ့ Twitterမွာတိုင္လိုက္ …e-mailနဲ႔တိုင္လိုက္…Signalကေနတိုင္လိုက္…တိုင္လို႔ရသမၽွေနရာပတ္တိုင္ေနတာ… အရမ္းကိုအတိုင္အေတာထူသူႀကီးျဖစ္ေနၿပီ…” ဆိုၿပီး သူမရဲ့ ပုံပန္းသ႑န္ကို ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ ေရးျပထားတာျဖစ္လို႔ ပရိသတ္ေတြလည္း သိရွိနိုင္ေအာင္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါ တယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *