ဖေဖေဆံပင်စည်းပေးနေတာကို ဖုန်းကြည့်ရင်း ငြိမ်ခံနေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ သမီးလေးနဲ့အတူ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးပေးဖြစ်နေတာ ဖြစ်ပါတယ်။

တစ်ဦးတည်းသော သမီးလေးကိုလည်း ဇနီးမောင်နှံနှစ်ယောက်လုံး လိုလေသေးမရှိအောင် ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။သမီးလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ မကြာသေးခင်က စန္ဒီမြင့်လွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ တစ်ဦးတည်းသော သမီးလေးကို ဆံပင်လေးတွေ သေချာစုပြီး စည်းပေးနေတဲ့ စန္ဒီမြင့်လွင်ခင်ပွန်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။“ပါးပါးဆံပင်စည်းပေးမယ်တဲ့Psထရက်ရှာသူ့ပုံလေးတွေကြည့်ချင်တယ်ဆိုလို့ဆံပင်စည်းတုန်းလေးငြိမ်အောင်ခနပြရတာပါရှင်ပြီးရင်ချက်ချင်းပြန်သိမ်းပါတယ်

သိမ်းရင်လဲမငိုပါဘူးကြည်ကြည်ဖြူဖြူပဲပေးပါတယ်” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင်Treasure လေးတို့သားအဖရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *