လတ်တလော ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် စိတ်ထိခိုက်နေရတဲ့ကြောင်း ရင်ဖွင့်ပြောပြလာတဲ့ မအေးသောင်း

ပရိသတ်ကြီးရေ လတ်တလောမှာတော့ မအေးသောင်းတစ်ယောက် ဘေးကင်းရာတစ်နေရာမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရပေမယ့်မယ့် လိုအပ်တဲ့နေရာတိုင်းကို ကူညီထောက်ပံ့ပေးနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်က မအေးသောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ လတ်တလော ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် စိတ်ထိခိုက်နေရတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

“ကျွန်မကိုယ်တိုင်တော့ဒီရက်ပိုင်းနေလို့သိပ်မကောင်းပါဘူးPhysically ရောMentallyရောပေါ့။ထားပါတော့ကိုယ်ရေးကိုယ်တာကိစ္စဘာညာပေါ့။တကယ်ကဘဝမှာအရေးကြီးတဲ့အရာတွေဦးစားပေးသင့်တဲ့အရာတွေက အသက်ပေါ်မူတည်ပြီးပြောင်းလဲတတ်ကြတာ ဒီရက်ပိုင်းပိုသတိထားမိလာတယ်။သိတဲ့အတိုင်းပဲဒီရက်စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေအတွက်လည်းစိတ်မကောင်းဘူး။သူတို့နေတဲ့မြို့လေးကနေ တခြားတစ်နယ်တကျေးပြောင်းရတာဘယ်လွယ်ပါ့မလဲ။

ရိုးရိုးပြောင်းရွေ့ရတာလည်းမဟုတ်တော့ အေးအေးဆေးဆေးလိုတာလေးတွေစဉ်းစားပြီးကောက်ထည့်လို့ရတာလဲမဟုတ်တော့လိုအပ်တာတွေအများကြီးရှိနေကြမှာပါပဲ။လက်ခံပေးကြတဲ့မြို့ရွာ အသီးသီးကလည်း ကူညီကြတယ်လို့သိရတော့ပီတိဖြစ်ရတယ်။ကျွန်မကတော့ကျန်းမာရေးလည်းဂရုစိုက်စေချင်တာရယ်ကြောင့်Covid Test Kit တွေရယ်အစားအစာအတွက်အဓိကဖြစ်တဲ့

ဆန်ဆီဆားအာလူးပေါ့လှူနိုင်သလောက်လှူဖြစ်တယ်။ပုံတွေဘာတွေကတော့လည်းတင်စရာမလိုပါဘူးလေ။စစ်ဘေးရှောင်တဲ့အထဲမှာ ကိုယ့်ထက်ချမ်းသာတဲ့သူတွေတောင်အများကြီးပါပါတယ်။ ကိုယ့်ထက်ပညာတတ်တဲ့သူ အသက်အရွယ်ကြီးတဲ့သူ။

ဘာပဲဖြစ်ဖြစ် ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းမှာကျွန်မတို့တွေနေထိုင်တယ်။အဓိကက တကယ်လိုအပ်တဲ့နေရာမှာကျွန်မလှူခွင့်ရချင်တယ် ဘဝက ခဏလေးပါပေးသောလက်ပဲ အမြဲဖြစ်ရပါလို၏ 🙏🙏🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *