အသင်းရဲ့ကားတွေကို လိမ်လည်ပြီး ပေါင်နှံထားတဲ့ ရည်းစားဟောင်းရဲ့ပြဿနာတွေကို ဖြေရှင်းပေးနေရတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ပိုင်ဂေဟာလေးတစ်ခုဖွင့်ထားပြီး အကူအညီမဲ့နေတဲ့ ပြည်သူတွေကို တတ်အားသရွေ့ ကူညီပေးနေတာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ပြသနာတစ်ခုဖြေရှင်းနေရတာ ဖြစ်ပါတယ်။အသင်းမှ ကားတွေနဲ့ အသိတွေရဲ့ ကားတွေကို ဘဏ်မှာ လိမ်လည်ပြီး ပေါင်နှံထားတာကြောင့် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့(၃)နှစ်တုန်းကကျွန်မရဲ့ အသင်းကား အပါအဝင် အခြားကား(အင်းစိန်မှ အသိအန်တီကြီးရဲ့ ကား) များအားလိမ်လည်ပြီးAYA Bank မှာပေါင်နှံထားတဲ့အမှုများနှင့်အခြားအမှုများအတွက် လိမ်လည်သူအား (၇.၄.၂၀၂၀နေ့မှစ၍)တရားစွဲဆိုထားပြီးသော်လည်း (၂)နှစ်ပြည့်ခါနီးအထိလာရောက်မဖြေရှင်းပဲထွက်ပြေးတိမ်းရှောင်နေသောကြောင့်ကျွန်မရဲ့အတိတ်ကံအကြောင်းနှင့်ကျွန်မရဲ့အယုံလွယ်ပေါ့ဆမှုတစ်ခု အတွက်(ကျွန်မရဲ့ချွေးနဲစာစစ်စစ်များဖြင့်)ကြားကစိုက်ရှင်းဖို့အကြောင်းလေးဖြစ်လာရပါတယ်

ယနေ့အချိန်ထိသည်းခံစောင့်ဆိုင်းနားလည်ပေးပါသောAYA Bank မှတာဝန်ရှိလူကြီးများအားလုံးကိုလဲကျေးဇူး အများကြီးတင်ပါတယ်ရှင်တစ်စုံတစ်ယောက်ကိုလဲထွက်ပြေးတိမ်းရှောင်ခြင်းမပြုပဲ လာရောက်ဖြေရှင်းဖို့အတွက်လဲတိုက်တွန်းပါတယ်လာရောက်ဖြေရှင်းပါကတတ်နိုင်သလောက်ကူညီပေးဖို့လဲအကြိမ်ကြိမ်ပြောဆိုထားပေမဲ့လုံးဝမဆက်သွယ်လာသောကြောင့်ဒီစာလေးနဲ့ပဲထပ်မံသတိပေးဖြစ်ပါတယ်

ကျွန်မကနေပေမဲ့အခြားခံရသူများကမနေပါဘူးဥပဒေကလဲမနေပါဘူးအားလုံး အဆင်ပြေအောင် လာရောက်ရှင်းလင်းစေချင်ပါတယ်တရားရုံးကဖမ်းဝရမ်းထုတ်တဲ့အထိစောင့်နေတာ အဖြေမဟုတ်ပါဘူးကျွန်မအနေနဲ့ကတော့ဘာမှ မတတ်နိုင်တော့ပဲအချိန် တစ်ခု ရောက်ပြီဆိုတဲ့အကြောင်း စိတ်မကောင်းစွာပဲတစ်စုံ တစ်ယောက်ကို အသိပေး ပြောချင်ပါတော့တယ်ရှင်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *