အခြားသူတွေလို ကိုယ်လွတ်မရုန်းဘဲ ပြည်တွင်းမှာပဲနေပြီး လိုအပ်တဲ့ထောက်ပံ့မှုတွေ ပါဝင်ကူညီအားဖြည့်ပေးနေတဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် ချစ်သုဝေကတော့ ယနေ့ချိန်ထိ တော်လှန်ရေးကိစ္စရပ်များမှာ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီအားဖြည့်ပေးနေဆဲ ဖြစ်ပါတယ်။ သူမကတော့ ဖေဖော်ဝါရီလအစပိုင်းမှ စတင်ပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီအစိုးရဲ့ ဖမ်းဝရမ်းထုတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

​ဒီလိုကာလမှာ ပြည်ပနိုင်ငံသို့ ထွက်ခွာလို့ ရပါရဲ့နဲ့ လုံးဝမသွားဘဲ ပြည်တွင်းမှာပဲနေပြီး ရဲဘော်လေးတွေအတွက် တတ်နိုင်သလောက် ကူညီပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချစ်သုဝေရဲ့ Instagram လူမှုကွန်ရက်တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အခြားသူတွေလို ကိုယ်လွတ်မရုန်းဘဲ ပြည်တွင်းမှာပဲနေပြီး လိုအပ်တဲ့ထောက်ပံ့မှုတွေ ပါဝင်ကူညီအားဖြည့်ပေးနေတဲ့ ချစ်သုဝေရဲ့ ပုံရိပ်လေး ဖြစ်ပါတယ်။

ထရီဇာကတော့ သူမရှိတဲ့ နေရာတွင် ခိုလှုံနေကြတဲ့ ကလေးတွေအတွက် ကြက်သားဟင်း ချက်ကျွေးနေတာ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ တကယ်ကို လေးစားအားကျစရာကောင်းလွန်းလှပါတယ်။ ပရိသတ်တွေလည်း ချစ်သုဝေတို့ မိသားစုလေး ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက် ကြပါဦးနော်။

Leave a Reply

Your email address will not be published.