မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကျောခိုင်း နှုတ်ထွက်ခြင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကျောခိုင်း နှုတ်ထွက်ခြင်း

ကျွန်တော်သည် ၁၀ တန်းအောင်မြင်ပြီး ၂၀၀၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ကာ ကျရာနေရာ/တာဝန်များ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။

အရာအားလုံးအတွက် စေတနာထားပြီး တတ်နိုင်သလောက် ဥပဒေဘောင်အတွင်မှ ကူညီခဲ့သည်ကို ကျွန်တော်နေခဲ့သည့် ရဲတပ်ဖွဲ့နှင့် ပတ်ဝန်းကျင် ရပ်ကွက်/ကျေးရွာရှိ လူအများ သိကြပါသည်။

ကျွန်တော် နိုင်ငံရေးနားမလည်ဘူး၊ ဒီမိုကရေစီကို ချစ်မြတ်နိုးတယ်၊ ရဲတပ်ဖွဲ့ကို ချစ်မြတ်နိုးတယ် ဒုရဲအုပ်အဆင့် ရဖို့အတွက် လုပ်သက် ၁၆ နှစ်ကျော် ဘဝနဲ့ရင်းပြီး ကြိုးစားခဲ့တယ်။

အရမ်းတန်ဖိုးထားခဲ့တယ်။ ခုချိန်မှာ ဘာကိုမှ မက်မောမှု မရှိတော့သလို ကျွန်တော် ချစ်မြတ်နိုးခဲ့သည့် ရဲတပ်ဖွဲ့ကို ထာဝရ ကျောခိုင်းထွက်ခွာ နှုတ်ထွက်ခဲ့ပါပြီ။

မြန်မာနိုင်ငံကြီး အေးချမ်းသွားပြီး ဒီမိုကရေစီ ရခဲ့လို့ ကျွန်တော်ချစ်မြတ်နိုးသူ၊ ကျွန်တော့်ကို ချစ်မြတ်နိုးသူတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ပေးစေလိုက ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်ပေးပါမည်။

ခုတော့ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် လုံးဝ(လုံးဝ) မရှိတော့ပါသဖြင့် ရဲတပ်ဖွဲ့ဝင် အမှတ်အသား၊ အသုံးအဆောင်၊ သက်ဆိုင်သည့်အရာများအားလုံး ထားခဲ၍ ကျောခိုင်း နှုတ်ထွက်ခဲ့ပါပြီ။

အသက်နဲ့ သစ္စာပြုလို့ ပြောပြချင်တဲ့ စကားတစ်ခွန်းကတော့ ယခုဖြစ်စဉ် ယခုကာလ 1.2.2021 ရက်နေ့မှ စ၍ ယနေ့ချိန်ထိ လက်ညှိုးကွေးဖို့ နေနေသာသာ လက်နဲ့တောင် မရွယ်ဖူးခဲ့ဘူး။

တာဝန်ထမ်းဆောင်ခဲ့စဉ်က သင်/မြင်/ကြား ဆရာများနှင့် တပ်ဖွဲ့ဝင် ညီကို မောင်နှမများအားလုံး အန္တရာယ်ကင်းကြပါစေလို့ ဆုတောင်း နှုတ်ဆက်ခဲ့ရင်း မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းပါစေ။

ဇနီးနဲ့ သမီးလေးရေ ဖေဖေ ပြန်လာပြီ။

အပြစ်ပေးခံ ထောင်ကျခံရမယ် ဆိုရင်လည်း ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။

တကယ်လို့ ထောင်ကျခဲ့ပြီး ထောင်ကထွက်လာတဲ့ တစ်နေ့ မိသားစု စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့။

ခုတော့ အနီးနားမှာတောင် နေခွင့်မရသေးလို့ ခဏတာ သည်းခံပေးပါအုံး ချစ်ဆုံးကြီး ချစ်မိန်းမဘုတ်ဆုံမနှင့် ဖေဖေ အရမ်းချစ်ရတဲ့ ချစ်သမီးလေးရေ။

ပြည်သူအားလုံး ကျန်းမာ၊ ချမ်းသာလို့ အန္တရာယ်ကင်း ဘေးရှင်းကြပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

မှတ်ချက်။ ။ လူငယ်ဘဝ ၁၈ နှစ်ပြည့်ကတည်းက လွတ်လပ်မှုဆိုတာ ဘာမှန်းမသိခဲ့တဲ့ ကျွန်တော်။ ။

Zawgyi

ျမန္​မာႏိုင္​ငံရဲတပ္​ဖြဲ႕မွ ​ေက်ာခိုင္​း ႏႈတ္​ထြက္​ျခင္​း

ကြၽန္​​ေတာ္​သည္​ ၁၀ တန္​း​ေအာင္​ျမင္​ၿပီး ၂၀၀၄ ခုႏွစ္​မွစ၍ ျမန္​မာႏိုင္​ငံရဲတပ္​ဖြဲ႕သို႔ စတင္​ဝင္​​ေရာက္​ခဲ့ကာ က်ရာ​ေနရာ/တာဝန္​မ်ား ​ေက်ပြန္​စြာ ထမ္​း​ေဆာင္​ခဲ့ပါသည္​။

အရာအားလုံးအတြက္​ ​ေစတနာထားၿပီး တတ္​ႏိုင္​သ​ေလာက္​ ဥပ​ေဒ​ေဘာင္​အတြင္​မွ ကူညီခဲ့သည္​ကို ကြၽန္​​ေတာ္​​ေနခဲ့သည္​့ ရဲတပ္​ဖြဲ႕ႏွင္​့ ပတ္​ဝန္​းက်င္​ ရပ္​ကြက္​/​ေက်း႐ြာရွိ လူအမ်ား သိၾကပါသည္​။

ကြၽန္​​ေတာ္​ ႏိုင္​ငံ​ေရးနားမလည္​ဘူး၊ ဒီမိုက​ေရစီကို ခ်စ္​ျမတ္​ႏိုးတယ္​၊ ရဲတပ္​ဖြဲ႕ကို ခ်စ္​ျမတ္​ႏိုးတယ္​ ဒုရဲအုပ္​အဆင္​့ ရဖို႔အတြက္​ လုပ္​သက္​ ၁၆ ႏွစ္​​ေက်ာ္​ ဘဝနဲ႔ရင္​းၿပီး ႀကိဳးစားခဲ့တယ္​။

အရမ္​းတန္​ဖိုးထားခဲ့တယ္​။ ခုခ်ိန္​မွာ ဘာကိုမွ မက္​​ေမာမႈ မရွိ​ေတာ့သလို ကြၽန္​​ေတာ္​ ခ်စ္​ျမတ္​ႏိုးခဲ့သည္​့ ရဲတပ္​ဖြဲ႕ကို ထာဝရ ​ေက်ာခိုင္​းထြက္​ခြာ ႏႈတ္​ထြက္​ခဲ့ပါၿပီ။

ျမန္​မာႏိုင္​ငံႀကီး ​ေအးခ်မ္​းသြားၿပီး ဒီမိုက​ေရစီ ရခဲ့လို႔ ကြၽန္​​ေတာ္​ခ်စ္​ျမတ္​ႏိုးသူ၊ ကြၽန္​​ေတာ္​့ကို ခ်စ္​ျမတ္​ႏိုးသူ​ေတြက ျမန္​မာႏိုင္​ငံရဲတပ္​ဖြဲ႕မွာ အားျဖည္​့ကူညီ တာဝန္​ထမ္​း​ေဆာင္​​ေပး​ေစလိုက ​ေပ်ာ္​႐ႊင္​စြာ တာဝန္​ထမ္​း​ေဆာင္​​ေပးပါမည္​။

ခု​ေတာ့ ဆက္​လက္​တာဝန္​ထမ္​း​ေဆာင္​လိုစိတ္​ လုံးဝ(လုံးဝ) မရွိ​ေတာ့ပါသျဖင္​့ ရဲတပ္​ဖြဲ႕ဝင္​ အမွတ္​အသား၊ အသုံးအ​ေဆာင္​၊ သက္​ဆိုင္​သည္​့အရာမ်ားအားလုံး ထားခဲ၍ ​ေက်ာခိုင္​း ႏႈတ္​ထြက္​ခဲ့ပါၿပီ။

အသက္​နဲ႔ သစၥာျပဳလို႔ ​ေျပာျပခ်င္​တဲ့ စကားတစ္​ခြန္​းက​ေတာ့ ယခုျဖစ္​စဥ္​ ယခုကာလ 1.2.2021 ရက္​​ေန႔မွ စ၍ ယ​ေန႔ခ်ိန္​ထိ လက္​ညႇိဳး​ေကြးဖို႔​ ​ေန​ေနသာသာ လက္​နဲ႔​ေတာင္​ မ႐ြယ္​ဖူးခဲ့ဘူး။

တာဝန္​ထမ္​း​ေဆာင္​ခဲ့စဥ္​က သင္​/ျမင္​/ၾကား ဆရာမ်ားႏွင္​့ တပ္​ဖြဲ႕ဝင္​ ညီကို ​ေမာင္​ႏွမမ်ားအားလုံး အႏၲရာယ္​ကင္​းၾကပါ​​ေစလို႔ ဆု​ေတာင္​း ႏႈတ္​ဆက္​ခဲ့ရင္​း ျမန္​မာႏိုင္​ငံႀကီး အျမန္​ဆုံး​ေအးခ်မ္​းပါ​ေစ။

ဇနီးနဲ႔ သမီး​ေလး​ေရ ​ေဖ​ေဖ ျပန္​လာၿပီ။

အျပစ္​​ေပးခံ ​ေထာင္​က်ခံရမယ္​ ဆိုရင္​လည္​း ႀကိဳတင္​ျပင္​ဆင္​ထားၿပီးပါၿပီ။

​တကယ္​လို႔ ​ေထာင္​က်ခဲ့ၿပီး ​ေထာင္​ကထြက္​လာတဲ့ တစ္​​ေန႔ မိသားစု စုံစုံလင္​လင္​ ​ေပ်ာ္​​ေပ်ာ္​႐ႊင္​႐ႊင္​ ​ေနၾကတာ​ေပါ့။

ခု​ေတာ့ အနီးနားမွာ​ေတာင္​ ​ေနခြင္​့မရ​ေသးလို႔ ခဏတာ သည္​းခံ​ေပးပါအုံး ခ်စ္​ဆုံးႀကီး ခ်စ္​မိန္​းမဘုတ္​ဆုံမႏွင္​့ ​ေဖ​ေဖ အရမ္​းခ်စ္​ရတဲ့ ခ်စ္​သမီး​ေလး​ေရ။

ျပည္​သူအားလုံး က်န္​းမာ၊ ခ်မ္​းသာလို႔ အႏၲရာယ္​ကင္​း ​ေဘးရွင္​းၾကၿပီး လိုအင္​ဆႏၵမ်ား ျပည္​့ဝၾကပါ​ေစ။

မွတ္​ခ်က္​။ ။ လူငယ္​ဘဝ ၁၈ ႏွစ္​ျပည္​့ကတည္​းက လြတ္​လပ္​မႈဆိုတာ ဘာမွန္​းမသိခဲ့တဲ့ ကြၽန္​​ေတာ္​။ ။

Leave a Reply

Your email address will not be published. Required fields are marked *