ရင်သွေးလေးလွယ်ထားတယ်လို့ မထင်ရလောက်အောင် ဗိုက်လေးကပြားကပ်နေတာကြောင့် အရမ်းတွေ ကျေနပ်နေတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ မကြာသေးခင်က ရင်သွေးလေးရနေပြီဖြစ်ကြောင်း အားလုံးကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကျပြီး တစ်လကျော်မှာတင် ကိုယ်ဝန်ရသွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီသတင်းကြားပြီး ဘေဘီမောင်တို့ ဇနီးမောင်နှံအတွက် ဝမ်းသာခဲ့ကြတာ ဖြစ်ပါတယ်။

ဘေဘီမောင်တို့ ဇနီးမောင်နှံဟာ လက်ရှိမှာတော့ မန္တလေးမြို့ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိရာ မကြာသေးခင်က ဘေဘီမောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရင်သွေးလေးလွယ်ထားတယ်လို့မထင်လောက်အောင် ဗိုက်လေးကပြားကပ်နေတာကြောင့် အရမ်းတွေ ကျေနပ်နေတာ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ အခြားစီးပွားရေးလုပ်ငန်းတွေကိုသာ အောင်မြင်အောင် ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဘေဘီမောင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.