ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းဆုရတီစိုးကတော့ သူမရဲ့ လက်ရှိချစ်သူလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတကွ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ သူမရဲ့ကောင်လေးနဲ့ လက်တွဲတာ နှစ်အနည်းငယ်ကြာပြီဖြစ်ပေမယ့်လည်း အခုထိ လူလုံးထုတ်မပြသေးဘဲ လျှိုထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းဆုရဲ့ချစ်သူကောင်လေးရဲ့ ပုံပန်းသဏ္ဍန်ကို သိချင်နေကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က နန်းဆုရတီစိုးရဲ့ Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံတစ်ချို့ ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပရိသတ်တွေအားလုံး မျက်ဝါးထင်ထင် မြင်သွားအောင် ချစ်သူကောင်လေးနဲ့အတူ တွဲရိုက်ထားတဲ့ ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ နန်းဆုတို့ အတွဲလေးဟာ အရမ်းကို လိုက်ဖက်လွန်းလှတာကိုလည်း ဓာတ်ပုံထဲမှာ မြင်တွေ့ကြရမှာပါ။
သူမရဲ့ လက်ရှိချစ်သူဟာ ရည်းစားဟောင်းထက် အစစအရာရာ ပြည့်စုံလွန်းတာကြောင့် လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း နန်းဆုတို့အတွဲလေးကို ဂုဏ်ပြုစကားများ ပြောပေးသွားကြပါဦးနော်။