သူမထံမှ သိန်း(၂၀၀၀)ကျော် လိမ်ပြီးရှောင်ပြေးနေသူအား တိကျပြတ်သားလွန်းတဲ့ စကားတစ်ခွန်းဖြင့် စိန်ခေါ်လိုက်တဲ့ သိင်္ဂီထွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင် သိင်္ဂိထွန်းကတော့ သူမကိုယ်တိုင် အပင်ပန်းခံပြီးရှာဖွေထားတဲ့ ငွေကြေးများကို အရမ်းတန်ဖိုးထားသူတစ်ဦး ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးထားပေမယ့်လည်း မိတ်ဆွေတစ်ဦးအား အာမခံပြီး ငွေချေးပေးခဲ့တာကြောင့် သိန်းနှစ်ထောင်ကျော် စိုက်လျော်ပေးခဲ့ရပြီ ဖြစ်ပါတယ်။ မကြာသေးခင်က သိင်္ဂီထွန်းရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမထံမှ သိန်း(၂၀၀၀)ကျော် လိမ်ပြီးရှောင်ပြေးနေသူအား တိကျပြတ်သားလွန်းတဲ့ စကားတစ်ခွန်းဖြင့် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ(၂)ကားလုံး လက်လွတ်ခဲ့ရတဲ့အကြောင်းရင်းအားဝမ်းနည်းစွာဖြင့် ဖွင့်ဟလာခဲ့ပါသေးတယ်။”ဂတုံးဆံပင်မရှည်သေးလို့2022.နှစ်စမှာရိုက်မဲ့ဇတ်လမ်းတွဲ2ကားလက်လွတ်လိုက်ပါသည်

လာမယ်ဆိုပြီးပြောထားလို့စောင့်နေတဲ့နယ်ကမိတ်ဆွေတို့ရေနောက်များမှဆုံတွေ့ကြပါစို့နော်သြော်ဒါနဲ့ကျွန်မအာမခံကောင်းလို့ ငွေ သိန်းနှစ်ထောင်ကျော်သူတစ်ပါးကိုကျမဆိုက်လျော်လိုက်ရတဲ့ငွေပြန်မရသေးလို့ ပေးမဲ့သူအမြန်ပေးချင်လာအောင်ဆုတောင်းပေးကြပါအုံးနော်🙏🏻ယတြာတွေလဲစုံမေတ္တာပို့တာလဲမောလှပြီ”ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.