ပရိသတ်ကြီးရေ သရုပ်ဆောင် နော်ဖော်အယ်ထားကတော့ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅(က) ဖြင့် အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လအတော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ခံဝန်ထိုးပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကြော်ငြာလေးတွေ များစွာ လက်ခံရိုက်ကူးနေရပြီး သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ နော်ဖောအယ်ထားရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ သူမပကို ချစ်ကြတဲ့ အနုပညာရှင်များနဲ့ ပရိသတ်တွေအားလုံးက နော်ဖောအတွက် မွေးနေ့ဆုတောင်းပေးထားကြတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မကြာသေးခင်က သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမနဲ့အတူ ထွက်ပြေးတိမ်းရှောင်စဉ်က အမှတ်တမဲ့ ရိုက်ထားတဲ့ ပုံလေးဖြင့် နော်ဖော်ရဲ့ မွေးနေ့ကို ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နော်ဖောအတွက် မွေးနေ့ဆုတောင်းပေးသွားကြပါဦးနော်။