လာသမျှဧည့်သည်တိုင်းကို သီချင်းဖွင့်ပြီးတစ်ယောက်တည်း ကပြဖျော်ဖြေနေတဲ့ သားလေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေသရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိတလောကမှာ နာမည်ကြီးနေသူတစ်ဦး ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ မလုပ်တော့ဘဲ ကိုယ်ပိုင်ဂေဟာလေးတည်ထောင်ပြီး လူမမယ်ကလေးတွေကို ခေါ်ယူမွေးစားနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကလည်း ဂေဟာဖွင့်ပွဲလေးကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေရဲ့လှုပ်ရှားမှုတိုင်းကိုလည်း အမြဲလိုလို ဝေမျှပေးလေ့ရှိရာ မကြာသေးခင် မိနစ်ပိုင်းလောက်က ခိုင်နှင်းဝေရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ လာသမျှဧည့်သည်တိုင်းကို သီချင်းဖွင့်ပြီးတစ်ယောက်တည်း ကပြဖျော်ဖြေနေတဲ့ သားလေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

“ကိုခိုင်ထက်ဦးမောင်က လာသမျှ ဧည့်သည်ကို သူ တစ်ယောက်ထဲ ဧည့်ခံနေပါတယ်ရှင်❤️” ၊” သူတို့လေးတွေကြောင့် အဆဲခံရသည်ဖြစ်စေ..ပင်ပန်းသည်ဖြစ်စေ..အားလုံးကို မေ့ပျောက်နိုင်ပြီး ဘဝ အာမခံချက်လေးတွေရကြသည့်အထိရှိသမျှအားနဲ့လုပ်ဆောင်ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်ရှင်❤️” ဆိုပြီး ရေးသားထားတာ ဖြစ်လို့ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.